ဒီနေ့မိုးပြိုတယ်နော်မောင်။လေတေလည်းကြမ်းတယ်နော်။မိုးနတ်မင်းကြီးစိတ်ဆိုးတယ်နဲ့တူပါတယ်သူများရည်းစားကိုကြိုက်တာမို့။မိုးကလည်းကြီးလိုက်တာမိုးမိနေတာတောင်လွမ်းအားသေးတယ်ငါနဲ့နော်အေးလိုက်တာ ဟမ်မိုးတ်ိတ်သွားတာလားဘာလား မိုးစက်မော့ကြည့်လိုက်သည်။သူ့ထပ်အရပ်လည်းမြင့်အသားရည်ကလည်းပြေပြေပြစ်ပြစ်လေးအနောက်တိုင်းဝတ်စုံနဲ့ထီးလာမိုးပေးသည့်ထိုလူအားမိုးစက်ခဏကြာအောင်ငေးကြည့်မိသည်။ဟုတ်ပါသည်ဒီလူကမိုးစက်သိပ်ချစ်ရတဲ့သူ နာရီအနည်းငယ်မျှသာတွေ့ဖူးသည် ဓာတ်လှေကားမှာတိုက်မိထဲကချစ်မိခဲ့သောသူထိုသူကမိုးစက်သိပ်ချစ်ရတဲ့ခေတ်ဝေယံဖြစ်ပါသည်။
''ကြည့်လို့ဝပြီလား ဘာတေများငေးကြည့်စရာရှိနေလို့လားကျွန်တော်ချောလို့လား´´
''အော်လန့်သွားလို့ပါ ဒါနဲ့ဘယ်လိုရောက်လာတာလဲ´´
''ဟိုမှာကိစ္စလေးရှိလို့လုပ်ရင်း မိုးရေထဲလမ်းလျောက်နေတာမြင်လို့´´
''အော်´´
ဒီလိုနဲ့လမ်းတစ်လျှောက်လုံးတိတ်ဆိပ်သွားပြန်သည်။မိုးစက်ရင်တေအရမ်းခုန်နေပါသည်။
ချစ်ရသောသူနဲ့မိုးရေထဲလမ်းအတူလျောက်ရတာကိုမိုးစက်မမေ့နိုင်ဘယ်တော့မှလည်းမေ့နိုင်မည်မဟုတ် အချိန်ခဏလေးအတွင်းမှာချစ်ခဲ့တယ်ဆိုပေမယ့်သူများတေလိုမဟုတ် မိုးစက်ကတော့သူထိုသူအားဂရုစိုက်ပေးချင်၊ အနားမှာနေ၍ချစ်တယ်တဖွားဖွားပြောချင်၊ ထိုသူရဲ့မသိမသာထူနေတဲ့နုတ်ခမ်းလေးကိုတစ်ဖွဖွနမ်းချင်၊ထိုသူရဲ့ကိစ္စအဝဝကိုပြုလုပ်ပေးချင်၊ထိုသူနဲ့အတူနေချင်ပါသည်။သိုပေမယ့်ချစ်ရသူကားStraightစစ်စစ်ပြီးတော့ချစ်သူ နဲ့ရင်ထဲခံစားရပါပေသည်။သူတစ်ယောက်တည်းအပိုင်လိုချင်ပေမယ့်ချစ်ရသူမှာကောင်မလေးရှိပါသေးသည်။နာကျင်လှပါသည်ထိုခံစားချက်သည်ကား မနာကျဥ်ချင်ပါ၊မခံစားချင်ပါ၊သို့ပေမယ့်ချစ်ရသူကပေးထားသောခံစားချက်မို့မိုးစက်ခံယူရတာပျော်ပါသည်။ချစ်ရသူပျော်ရွှင်ရင်ပြီးရောဟူသည့်စိတ်ဖြင့်အဝေးကကြည့်နေခဲ့ရသည်။''မေမေ´´
''ဟယ်သားမိူးရေတေစိုလို့ပါလားကွယ်လာလာရေခြောက်အောင်သုတ်လိုက်အုံး လာသားသူငယ်ချင်းလည်းအိမ်ထဲဝင်´´