ခေါင်ရန်ကုန်ရောက်ပြီးတာနဲ့ ခေတ်စုံစမ်းခိုင်းတာကိုစုံစမ်းရန်ချက်ချင်း ပြင်ဆင်နေသည်။
''ခေါင် ကြာမှာလားဟင် အန္တာရယ်များရင်မလုပ်ပါနဲ့
''မကြာပါဘူးအကိုရဲ့ခဏပဲ
''ဒါဆိုငါအိပ်ပြီးစောင့်နေမယ်နော် ပင်ပန်းနေပြီ
''ဟုတ်ကဲ့ပါဗျ
ခေါင်မိုးစက်အကြောင်းစုံစမ်းရန်အပြင်သို့ထွက်လာလိုက်သည်။
ခေါင်အပြင်ထွက်လာသည်နှင့်မသိလိုက်ခင်မှာဘဲတလောကလုံးအမှောင်ကျသွားသည်။
''လုပ်စရာရှိတာဆက်လုပ်ပါ ပြီးတော့အလွန်အကျွံမဖြစ်စေနဲ့
''ဟုတ်ကဲ့ Boss
ခေါင်မျက်လုံးတေဝေဝါးစွာဖြင့်ပတ်ဝန်းကျင်ကိုလေ့လာမိတယ်။သို့ပေမယ့်ရင်းနှီးတဲ့နေရာမဟုတ်နေခဲ့။အေးစက်တဲ့အခန်းမီးရောင်အဝါကိုမှမှုန်ဝါးဝါးလေးသာမြင်ရသည်။ခေါင်အရှေ့မှာအရမ်းစမတ်ကျနေတာမျိုးမဟုတ်ဘဲသူ့ဟာနဲ့သူကြည့်ကောင်းနေတဲ့လူတစ်ယောက်တော့ထိုင်နေတာခေါင်မြင်သည်။သို့ပေမယ့်မီးရောင်သိပ်မရှိတာကြောင့်ခေါင်ထိုလူရဲ့မျက်နှာကိုမမြင်ရပါ။
''ခင်ဗျားကဘယ်သူလဲ
''ထားပါလေ ကျုပ်ဘယ်သူလဲဆိုတာခင်ဗျားသိစရာမလိုပါဘူး ကျုပ်မေးချင်တာတော့ ခင်ဗျားကိုဘယ်သူခိုင်းတာလဲ
ခေါင်ဒေါသထွက်သွားသည်။သို့ပေမယ့်ခေါင်ကထိုသူဖြေမယ့်အဖြေကိုဖြေပေးမည့်လူမျိုးမဟုတ်။
''ခင်ဗျားနဲ့ဆိုင်လား
''ရော့ ဒီvdလေးကြည့်လိုက်ပါအုံး
ထိုသူကတစ်ဆင့်ပေးလိုက်သည့်vdကိုခေါင်
ကြည့်မိသည်။''ဟင် ကိုကို ကတောစ့် ခင်ဗျားဘာလုပ်တာလဲ ဒါကိစ္စကသူနဲ့မဆိုင်ဘူး
''အို...စိတ်လျော့ပါဗျ ကျုပ်ဖြင့်ဘာမှတောင်မလုပ်ရသေးပါဘူး ဒါဖြင့်ကျုပ်မေးတာလေးလည်းဖြေပါအုံး
'' ခင်ဗျားမိုးစက်တည်မှတ်လား ဟင့်သိပြီးသားအဖြေကိုခင်ဗျားကထပ်မေးတာလား သိပ်တုံးတာဘဲ