''ဘုတ်´´
''အင့် ဒီမှာမင်းမမြင်ဘူးလား´´
''အာ မြင်ပါတယ်ဗျချစ်လွန်းလို့တမင်ဝင်တိုက်တာပါ´´
''ဘာပြောတယ်!!!တောက်စ် ဒီမျက်နှာရူးတော့´´
''ဘယ်တော့အဖြေပေးမလဲဟင်´´
''သင်္ချာပုစ္ဆာတေလိုပုံသေမရှိတဲ့မင်းအချစ်ကိုကျွန်တော်အခုထဲကငြင်းပါတယ်ဗျ´´
''ဟုတ်ပါပြီဗျဒါဆိုကျွန်တော်လည်း သင်္ချာပုစ္ဆာတွက်သလိုစိတ်ရှည်ရှည်စောင့်ပါ့မယ်ဗျ´´
မာန်စိတ်ညစ်သွားသည်။ဒီမျက်နှာရူးလိုသူဘယ်လိုမောင်းထုပ်ရမှန်းမသိတော့ဘဲလှည့်ထွက်လာလိုက်သည်။ရူးကြောင်ကြောင်ကောင်ကိုဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး။
-----------
''မောင်´´
''ဗျာ´´
''ငါတို့သစ္စာဆိုကြမလားမောင်´´
''မောင်ဂတိမတည်နိုင်ရင်မောင်ဘာဖြစ်မှာလဲ´´
''အာ ဟုတ်သားဘဲ ဒါဆိုငါဘုရားရှိခိုးလိုက်အုံးမယ်နော်´´
မိုးစက် ငိုချင်ပေမယ့် ထိန်းချုပ်ကာဘုရားသာအာရုံပြုရှိခိုးလိုက်သည်။မိုးစက်ဘုရားရှိခိုးပြီးသည်နှင့်မျက်စိဖွင့်ကြည့်ရာခေတ်ကိုမတွေ့တော့။
''မောင်ဘယ်ရောက်သွားတာလဲ´´
မိုးစက်တစ်ယောက်တည်းဘုရားပေါ်မှာလှည့်ပတ်ရှာမိသည်။
''အာမောင်ဘယ်တွေသွားနေတာလည်းမသိဘူး
ငါ့ကိုတစ်ယောက်တည်းထားသွားတယ်´´''ငယ်´´
''အာမောင်ဘယ်တေသွားနေတာလဲ´´
''ငယ်ကစားဖို့ဝါးသေနပ်သွားဝယ်ပေးနေတာ´´
''ဟမ်??´´
မိုးစက်ကြောင်သွားသည်။ဘယ့်နဲ့သူများတေကကျိုက်ထီးရိုးလာရင်ယိုစုံဝယ်ပြီးပြန်ကြတယ်မောင်နဲ့ကျမှဝါးသေနပ်ဝယ်ရတယ်လို့။
''မောင်ကျပ်သိပ်မပြည့်ဖူးဘဲ´´
''ဘာပြောတယ်မိုးစက်တည်!!!!´´
''ဟားဟားစတာပါမောင်ရဲ့´´
ရီမောပျော်ရွှင်ကာကျိုက်ထီးရိုးဘုရားရင်ပြင်မှစောင်းတန်းသို့ဆင်းလာလိုက်သည်။ကျိုက်ထီးရိုးဘုရားကအေးချမ်းလိုက်တာ။လူများတယ်ဆိုပေမယ့်သိပ်ကိုကြည်နူးဖွယ်အတိ။