မောင်နဲ့အတူသွားဖို့နေရာတေရွေးထားတယ်။
ပထမဆုံးဂူတေစုံအောင်လိုက်သွားမယ်။ပြီးရင်ညစျေးလေးကိုမောင့်လက်ကိုကိုင်ပြီးပတ်လျောက်မယ်။ရွှေရင်မျှော်စေတီလေးကိုဖူးမယ်ပေါ့။''မောင်ရေထတော့လေ ညနေစာသွားစားရအောင်´´
တစ်ဖတ်လှည့်သွားသောမောင််ရယ်ပါ
''အယ်မောင် ညနေစောင်းနေပြီလေ´´
''ဟုတ်ပါပြီဗျာ ထပါပြီနော်´´
''ရေချိုးတော့မောင် ငါတို့ဖတ်ကဖောင်ကြော်သွားစားရအောင်´´
''ဟုတ်ပါပြီဗျ´´
မောင်ထသွားတော့မောင့်ရဲ့ကျောပြင်ကြီးကိုငေးကြည့်မိတယ်။မောင့်ကိုငါကအတင်းယူထားတာလားမောင်ကငါ့ကိုအတင်းယူထားတာလားမသဲကွဲတော့ဘူး။မောင်ကနောက်ပိုင်းငါ့ကိုဂရုစိုက်လာတယ်။နောက်ပြီးမောင်ကငါ့ကိုချစ်တယ်ဆိုပြီးဝန်ခံလာတယ်ငါတော့မယုံပါဘူး။ဒါပေမယ့်ငါရဲ့ဆန္ဒတေပဲပြည့်လာတယ်ပြောရမလား။ငါမသေခင်လေးမောင်နဲ့ဒီလိုပျော်ချင်တာအမှန်ပါ။
ချောက်
တံခါးဖွင့်သံနှင့်အတူမိုးစက်ဟိုဘက်လှည့်ကမျက်ရည်များကိုသုတ်လိုက်သည်။ငိုသံမပေါက်အောင်အသံကိုထိန်းပြောကာ
''မောင်တောင်ရေချိုးပြီပြီပဲ´´
နွေးထွေးဆုံးအပြုံးဖြင့်မောင့်အားပြုံးပြလိုက််တော့မောင်ကငါငိုနေတာကိုသိတယ်တဲ့လေ။
''မောင့်အချစ်ရယ်ဘာလို့ငိုနေတာလဲကွာ မပျော်လို့လားဟင် မောင်တို့ပြန်ကြမလား´´
''မပျော်လို့မဟုတ်ပါဘူးမောင်ရယ် ငါကလေအဟင့် မောင်ငါ့ကိုအရင်ကဂရုမစိုက်ဖူးတာတေအရေးမပေးတာတေချက်ချင်းရင်ရလိုက်တော့လေ အဟင့် ငါငါကြောက်လို့ပါမောင်ရယ် ငါမောင်နဲ့မခွဲချင်ဘူးသိလား ငါလေငါကသေရတော့မှာမောင် ငါမောင်နဲ့မခွဲချင်သေးဘူးမောင်ရယ် ပြီးတော့လေ မောင့်ကောင်မလေးကိုလည်းအားနာ အွမ်း´´
ခေတ်မျက်ရည်တေကျနေတဲ့မိုးစက်ခံစားချက်တေကိုနားမထောင်နိုင်တော့ပဲနွေးထွးစွာနမ်းမိတယ်။နမ်းနေပေမယ့်လည်းထိုကောင်လေးကအငိုမတိတ်သွား။မျက်ရည်တေကိုလျှာနဲ့ရပ်ပေးရင်းပါးပြင်နုနုလေးကိုဖြည်းဖြည်းချင်းနမ်းပေးလိုက်တော့ကောင်လေးကအိပ်ယာပေါ်ပတ်လှပ်သားကျသွားတော့ခေတ်မိုးစက်မျက်နှာအားသေချာကြည့်ကာအဆက်မပြတ်ကြနေတဲ့မျက်ရည်တေကိုလက်မဖြင့်ဖွဖွလေးသုပ်ပေးမိသည်။