ep16

184 8 0
                                    

ဒီနေ့နဲ့ဆိုငယ်ထွက်သွားတာ1နှစ်နဲ့7လရှိပြီ။ဒါပေမယ့်မောင်မယုံသေးဘူးငယ်။မောင့်ဆီငယ်ပြန်လာမှာဆိုတာမောင်ယုံနေတယ်ငယ်။Daddyတို့ကပြောနေကြပြီငယ်မောင့်ပုံစံကပြောင်းလဲသွားတယ်တဲ့။ဟုတ်မှာပါလေမောင်မအိပ်ရတဲ့ညတေဘယ်လောက်တောင်ရှိနေပြီလဲ။

ဒီနေ့ပထမဆုံးရုံးပြန်တတ်မယ့်နေ့ငယ်။ငယ်ပြန်လာရင်ငယ်လိုချင်တာအကုန်ဝယ်ပေးမယ်။
အခုတော့မောင်ငယ်နဲ့အတူတူနေဖို့ကလောမှာခြံလေးတစ်ခြံနဲ့အိမ်လေးတသ်လုံးဝယ်ထားတယ်ငယ်။လွမ်းတယ်ငယ်။ဒီစကားကိုနေ့တိုင်းပြောနေရလို့ကိုယ်စောင့်နတ်တောင်ငြီးငွေ့နေလောက်ပြီ။

''အဆင်သင့်ဖြစ်ပါပြီBOSS

''ဒါဆိုသွားကြတာပေါ့

ခေတ်ကုမ္ပဏီသွားတဲ့လမ်းတွင်မီးပွိုင့်မိ၍ပတ်ဝန်းကျင်ကိုကြည့်နေတုန်းဘေးကကားတွင်အင်္ကျီအနက်ရောင်လက်ရှည်လည်ပိတ်နဲ့အပြင်မှအညိုကုတ်အရှည်ကြီးဝတ်ထားတဲ့ကောင်လေးကိုငေးကြည့်မိတယ်။ထိုကောင်လေးမှနေကာမျက်မှန်တတ်ထား၍ဘေးပတ်ဝန်းကျင်ကိုစိတ်ဝင်စားမှုမရှိဘဲရှေ့ကမီးပွိုင့်ကိုသာအာရုံစိုက်နေသည်။

''ငယ်...

ခေတ်ထိုကောင်လေးကိုမျက်ရည်များဝိုင်းကာကြည့်နေမိသည်။

''Boss ဒီနေ့boss နဲ့စာချုပ်အတူတူချုပ်မယ့်
HEM ကုမ္ပဏီက CEO နဲ့တွေ့ဖို့ရှိတယ်

''ဘယ်ချိန်လဲ

''ခဏနေပါပဲ 9ခွဲပါboss

''ဟုတ်ပြီ

မိုးစက်The Quite ကုမ္ပဏီအရှေ့ရောက်တော့ကားပေါ်မှစမတ်ကျကျဆင်းလိုက်သည်။နေကာမျက်မှန်ကိုချွတ်ကာဘေးမှPAအားပေးလိုက်သည်။မိုးစက်ရောက်လာသည်နှင့်ကုမ္ပဏီကရှယ်ယာဝင်များအသီးသီးလာထွက်နုတ်ဆက်ကြသည်။မိုးစက်လည်းအလိုက်တသိပြန်နုတ်ဆက်ကာ meeting room ကိုသာတစ်စိုက်မတ်မတ်လျှောက်သွားသည်။မိုးစက်Meeting roomကိုဖွင့်လိုက်သည်နှင့်

''မင်္ဂလာ...ဟင်ငယ်

စောနကမီးပွိုင့်မှာဆုံခဲ့တဲ့ကောင်လေးမဟုတ်လား။ငယ်ငယ်ငယ်မဟုတ်လား။ခေတ်မျက်ရည်များကျကာမိုးစက်ကိုသာငေးကြည့်မိနေသည်။

''ကျွန်တော်တို့သိကြလို့လား

''ဟင် ငယ်မောင့်ကိုမမှတ်မိဘူးလား

မိုးစက်နုတ်ခမ်းတစ်ခြမ်းမဲ့ကာ

''ဟွန့် !  ကျွန်တော်နဲ့ခများပထဆုံးဆုံဖူးတာထင်တယ်

''ငယ်!!!

ခင်များဆီမှာအမိန့်သံပါနေတုန်းပဲမောင်။မင်းကငါ့ကိုအနိုင်လိုချင်နေတုန်းပဲ။ဟွန့် ခံစားလိုက်ပါအုံးငါဒီလောက်နဲ့မကျေနပ်နိုင်သေးလို့ပါ။

မိုးစက်စိတ်ထဲသာတွေးရင်းခုံမှာဝင်ထိုင်လိုက်သည်။

''ကဲ ဒါဖြင့်လုပ်ငန်းအကြောင်းဆွေးနွေးကြမယ်လေ

ခေတ်မျက်ရည်ကိုသုတ်ပြီးအသံကိုထိန်းကာ
Meetingကိုစသည်။

''ဒါဆိုရင် ရှယ်ယာအများဆုံးကတော့မိုးစက်တည်နဲ့ဖြစ်ပါတယ် အားလုံးလက်ခုပ်တီးပေးကြပါအုံး

ခေတ်မိုးစက်ကိုကြည့်ကာဝေခွဲလို့မရဖြစ်နေသည်။အတိတ်မေ့သွားတာလားဒါမှမဟုတ်စိတ်ဆိုးမပြေသေးတာလား။

Meeting ပြီးတော့အခန်းထဲကအသီးသီးထွက်ကုန်ကြသည်။မိုးစက်အခန်းထဲကထွက်ဖို့ပြင်နေတုန်း

''မိုးစက်တည်ခဏနေပါအုံး ကျွန်တော်တို့ဆွေးနွေးစရာရှိသေးတယ်

''ကျွန်တော်တို့ဆွေးနွေးစရာကျန်သေးလို့လား
ကျွန်တော့်အမျိုးသားစောင့်နေလို့

''ဘာ!!!အမျိုးသားဘယ်ကအမျိုးသားလဲ

''အိုးဟိုး ကျွန်တော့်အမျိုးသားပါဆို ကဲဒါဖြင့်ပြောစရာမရှိတော့ရင်သွားခွင့်ပြုပါအုံး

ခေတ်မိုးစက်ကိုကြည့်ကာနာလည်ရခက်နေသည်။

ငယ်တကယ်ပဲပြောင်းလဲသွားတာလား။ဒါမှမဟုတ်မောင့်ကိုစိတ်ဆိုးတုန်းလား။

ခေတ်ဆက်နေကျဖုန်းတစ်ခုကိုခေါ်၍

''ခေါင် ငါ့ကိုမိုးစက်တည်အကြောင်းစုံစမ်းပေးပါအုံးရသမျှနော်!!!

တစ်ဖတ်မှစကားသံကိုပြန်ကြားပြီးသည်နှင့်ဖုန်းကိုချလိုက်သည်။

လွန်ခဲ့တဲ့၅နှစ်လောက်ကငယ်ကငယ်ကမောင့်ကိုဆေးခတ်ပြီးယူထားတာဆိုတော့ဒီတစ်ခါတော့မောင့်အလှည့်ပဲငယ် ဟွန့်။

ခေတ်နုတ်ခမ်းတစ်ဖတ်အားကော့တတ်အောင်ပြုံးပြီးဘေးမှာအသင့်ရှိတဲ့အပျင်းစားဝိုင်အားသောက်လိုက်သည်။


--------

မောင်Where stories live. Discover now