''မင်းငိုနေတာလား´´
''အဟမ်းမဟုတ်ပါဘူး ငါအိပ်တော့မယ်´´
''ဒီဘက်လှည့်ငါပြောပြမယ်´´
မိုးစက်ရဲ့ကိုယ်အားဆွဲလှည့်လိုက်သည်။
''ငါနဲ့သူနဲ့ကဘာမှမဟုတ်ဘူး´´
''ငါမောင့်ကိုဘာပြောလို့လဲပြီးတော့မောင်ကရောငါ့ကိုဘယ်တုန်းကဂရုစိုက်ဖူးလို့လဲ´´
''......´´
''မောင်´´
''...´´
''မောင်လို့´´
''.....´´
''မောင်ရေပြန်ထူးပါအုံးလို့´´
''အင်းပြော´´
''ငါ့ကိုချစ်လား´´
''မချစ်ဘူး´´
''အဲ့ဆိုဘာလို့ငါ့ကိုငယ်လို့ခေါ်လည်း´´
''အားယားနေလို့´´
''အော်ဟီးဟီး´´
''ရူးနေပြီလားအိပ်တော့´´
မိုးစက်သည်ခေတ်၏ရင်ခွင်ထဲသို့ဝင်ရဲ့အိပ်စက်သည်။ခဏအကြာမှာတော့မိုးစက်ထံမှာအသံရှုသံပုံမှန်ကြားရတော့သည်။ထိုအိပ်စက်နေသည့်ကောင်လေးအားညတိုင်းပုံမှန်နဖူးလေးအားအနမ်းခြွေနေသည့်ကောင်လေးကိုတော့မိုးစက်ဘယ်တုန်းကမှမသိခဲ့။မိမိအနမ်းခြွေနေသူမှာတစ်ချိန်ကျရင်ထွက်သွားမည်ဆိုတာခေတ်မစဥ်းစားမိခဲ့။
အလင်းရောင်ဖျာဖျာတို့မိုးစက်၏အိပ်စက်နေသောမျက်လုံးပေါ်သို့တစ်စိုက်မတ်မတ်ထိုးကျလာသည်။မိုးစက်အိပ်ချင်သေးသော်လည်းအိပ်၍မရချစ်ရပါသောယောက်င်္ကျားအားမနက်စာပြင်ပေးရမည်။အရင်ကတော့ရွံ့လို့ဆိုပြီးမနက်စာများကိုမစားအခုတော့အရင်ကနဲ့မတူတော့မိုးစက်လုပ်ပေးသည့်မနက်စာကိုစားပြီးမှကုမဏီသွားတတ်၏။မိုးစက်မျက်လုံးအားဖွင့်ကာဘေးကိုကြည့်မိတော့ချစ်ရသူမှာအိပ်နေသေး၏အတန်ကြာအောင်ငေးကြည့်ပြီးနဖူးပေါ်သို့အနမ်းခြွေကာချစ်ရသူနိုးရင်အဆင်သင့်သွားတိုက်ရန်ချစ်ရသူနိုးရင်စားဖို့အဆင်သင့်ဖြစ်ရန်ပြင်ဆင်နေသည်။သို့ပေမယ့်မိုးစက်နမ်းခဲ့သည်နဖူးပိုင်ရှင််မှာနိုးနေမှန်းမိုးစက်မသိခဲ့။