မောင်အခုထိရောက်မလာသေးဘူးဘဲ။ငါပြန်သတိရတာ 2နာရီကျော်ပြီမောင် မောင့်အလာကိုစောင့်နေရတာငါ2နာကျော်ပြီ မောင်ရယ်ဒီတစ်ခါတော့ငါစွန့်ပြစ်သင့်ပြီမှတ်လား။
''ဒေါက်တာ မောင်ရောက်မလာသေးဘူးလားဟင်´´
ဒေါက်တာလည်းမျက်နှာပျက်ကာမိုးစက်ကိုတောင်မကြည့်ဘဲမျက်လွှာအောက်ကိုသာစိုက်ကြည့်နေသည်။''ကျွန်တော့်အခြေနေကိုလက်လျော့ချင်ပြီ´´
ငါ့မောင့်ကိုမမုန်းချင်ဘူးမောင်ထားသွားဖို့လည်းအဆင်သင့်မဖြစ်သေးဘူး။ဒါပေမယ့်လည်းမောင်ရယ်အခြေနေတေကမှမရတော့တာမောင်ရယ် ငါခွင့်လွှတ်ခဲ့ပေးတာပဲ လောကကြီးမှာခွင့်လွှတ်နိုင်ဆုံးသောသူကမြတ်စွာဘုရားပြီးရင်ငါပဲမောင်။
''စက် မိုးစက်တည် သားလေး ဟာခေါ်လို့မရတော့ဘူး ´´
Pacemaker !!!!!!မြန်မြန်!!!!
1ချက်
2ချက်
3ချက်တီတီတီတီ....
''စိတ်မကောင်းပါဘူးလူနာဆုံးသွားပါပြီ
ကြီးကြီး´´''ဘာပြောတယ် ခများဘာပြောလိုက်လဲ´´
''ဟာခေတ်´´
ခေတ်အပြေးဝင်လာပြီးဆရာဝန်ရဲ့အင်္ကျီကော်လံစကိုဆွဲကာ ငိုကြီးချက်မဒေါသများဖြင့်ဆရာဝန်အားပြေးဆွဲသည်။
''စိတ်အေးအေးထားပါလူလေး စက်ကိုယ်တိုင်ကလက်လျော့လိုက်တာပါ´´
''ဟအင်း ငယ်က မသေသေးဘူးဗျာ
ငယ်ကကျွန်တော့ကိုသိပ်ချစ်တာ
ငယ်ရေထားမသွားပါနဲ့လို့ အိပ်နေရင်လည်းထတော့လေငယ် မောင်ရောက်နေပြီ မောင်လေအရင်ကလိုမဆိုးတော့ပါဘူး ငယ့်စကားနားထောင်မယ်လေငယ် မောင်ဝိုင်နဲ့လည်းမအိပ်တော့ပါဘူးငယ်ရယ်မောင်တောင်းပန်ပါတယ် ´´ခေတ်ငိုနေတာကိုကြည့်ပြီး ကြီးကြီးတို့လည်းသနားပြီးဝိုင်းငိုကြတယ်။ဒီကောင်လေး၂ယောက်လည်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြပါတယ်။အတ္တတေကဖုံးလွှမ်းနေတော့ဘယ်လိုမှမတတ်နိုင်ဘူးလေ။ကူညီနိုင်ရင်ကူညီပေးချင်လိုက်တာ။
''ငယ်ရေပြန်ထူးပါအုံး မောင်ခေါ်နေတာကို မောင်စိတ်ဆိုးမှာနော်ငယ်´´