ep17

190 9 0
                                    

''ခေါင် ဘယ်သွားမလို့လဲ''

''ရန်ကုန်ခဏသွားဖို့''

''ကြာမှာလား''

''အများဆုံး၁လ အနည်းဆုံး၁ပတ်''

မာန်ခဏငြိမ်သတ်သွားသည်။

''ငါလည်းလိုက်မယ်ခေါင် သထုံမှာပျင်းလို့''

''ကိုကို့သဘော ဒါကကိုကို ကျွန်တော်ကအလုပ်သဘောနဲ့သွားမှာနော် ကိုကိုပျင်းနေမှာ''

''မင်းဟာမင်းသွားလေ ငါကမင်းနေတဲ့တိုက်ခန်းမှာတစ်နေ့လုံးအိပ်မှာပေါ့''

''ကိုကို့သဘောပါဗျာ''

မာန်ခေါင်ကိုကြည့်ရင်းတွေးမိသည်။

အရင်ကစဥ်းစားခဲ့တယ်ခေါင့်ကိုဘယ်ချိန်ကစချစ်မိတာလဲပေါ့။သေချာပြန်တွေးမိတော့လည်းရီရသားဘဲ။ခေါင့်ဆီကပိုက်ဆံအိတ်ခိုးရင်းနဲ့တဲ့။
တွေ့ဆုံခွင့်ပေးတဲ့ကံကြမ္မာကိုလည်းကျေးဇူးတင်ပါတယ်။ပိုက်ဆံအိတ်လိုက်ခိုးဖို့တိုက်တွန်းတဲ့သူငယ်ချင်းတေကိုရော။

''ကဲ ကိုကို ဘာတေဒီလောက်တောင်စဥ်းစားပြီးပြုံးနေတာလဲ''

''ခေါင် ငါမင်းကိုမေးစရာရှိတယ်''

''မေးလေ ကိုကို''

''မင်းကိုအချစ်ကဘယ်ကစလဲလို့​မေးရင်ဘယ်လိုဖြေမှာလဲ''

ခေါင်ကတုံ့ဆိုင်းခြင်းတစ်စက်မှမရှိဘဲ

''သေချာပေါက်ဘားအံမြို့ကကန်သာယာညစျေးပေါ့ကိုကိုရ''

''ဘာလို့လည်း''

''ကိုကိုနဲ့ဆုံခဲ့လို့လေ ကိုကိုနဲ့ဝင်တိုက်မိတဲ့အချိန်လေးရယ် ကျွန့်တော့်ပိုက်ဆံအိတ်ခိုးခဲ့တဲ့သခိုးလေးရယ်ကိုခုထိအမှတ်ရတုန်း''

''ဟေ့ကောင် ဘာသခိုးလဲ''

''စိတ်ဆိုးရင်နုတ်ခမ်းဆူတဲ့အကျင့်ကိုပြင်ပါအုံးကိုကိုရေဟားဟားဟား''

တစ်ယောက်ငိုတစ်ယောက်စနောက်ကာအခန်းထဲသို့ရယ်သံများပြည့်နှံ့သွားခဲ့သည်။

ဒီအခိုက်အတန့်လေးကိုရပ်ထားချင်တယ်ကိုကို။
ကျွန်တော်သာလူကောင်းတစ်ယောက်ဆိုရင်တော့ ဒီအခိုက်အတန့်လေးတေခဏခဏကိုကို့တွက်ဖန်တီးပေးမှာအသေချာပဲ။

------------

''ဟလို မိုးစက်တည်လားမသိဘူး''

''ဟုတ်ပါတယ် ဘယ်သူပါလဲဗျ''

''ကျွန်တော်The Quite Company CEOပါ ကျွန်တော်တို့ဆွေးနွေးစရာလေးကျန်သေးလို့ပါ''

''အော်ဟုတ်ကဲ့ ခဏနော် ကျွန်တော်ခေါ်ပေးပါ့မယ်''

ခေတ်တစ်ဖတ်မှကြားသောအခါမျက်နှာမှာအခြေနေတစ်မျိုးသို့ပြောင်းလဲသွားသည်။

''စက်ရေ ဒီမှာစက်အလုပ်ဖုန်း''

''လာပြီလာပြီ ဆက်ကိုကိုရေ''

မိုးစက်ထမင်းချက်ခန်းထဲမှပြေးထွက်လာကာဖုန်းအားကိုင်လိုက်သည်။

''ဟလို မိုးစက်တည်ပြောနေပါတယ်''

''ငယ်...''

မိုးစက်ဖုန်းချဖို့လုပ်နေတုန်း

''ဖုန်းမချလိုက်ပါနဲ့ ကိုယ်ပြောတာနားထောင်ပေးပါ''

''....''

''ငယ်မောင့်ကိုထားသွားတဲ့နေ့ကစပြီးမောင့်ကိုမလွမ်းခဲ့တဲ့အချိန်တစ်စက်မှမရှိခဲ့ဘူးငယ်...မောင့်ကိုစိတ်ဆိုးနေရင်လည်းပြောပါမောင်မြူတစ်မှုန်သဲတစ်ဖုန်လောက်တောင်မငြိုငြင်ပဲလိုက်ချော့ပါ့မယ်...အရာအားလုံးငယ့်စိတ်တိုင်းကျဖြစ်စေရမယ်ငယ်''

မိုးစက်နားထောင်ရင်းမျက်ရည်များထိန်းချုပ်မထားနိုင်ပဲဖုန်းကိုသာချလိုက်သည်။မိုးစက်မျက်ရည်များနှင့်ထိုနေရာတွင်သာထိုင်ချလိုက်သည်။

ဖြစ်သင့်လားမောင်။ငါမောင့်သိပ်ချစ်တုန်းကမောင်ကငါ့အချစ်တေကိုစော်ကားခဲ့တာမှတ်မိရဲ့လားမောင်။ငါ့ကိုမောင်မုန်းလားလို့မေးရင်မမုန်းဘူးလို့ဖြေမှာမောင်။ဟုတ်တယ်ငါမောင့်ကိုမမုန်းဘူး။ဒါပေမယ့်စိတ်နာတယ်မောင်။တစ်နှစ်လုံးမောင့်စိတ်နဲ့နေခဲ့ရတာမောင်ကငါ့ကိုအခုထိစိုးမိုးတုန်းဘဲ။ဒါပေမယ့်မောင်ငါ့နေရာကိုခံစားတတ်မှသိမယ်။မောင်ခံစားကြည့်လိုက်ပါအုံး။

-----------

ကဲ နို စိတ်ကောင်းနေလို့upပေးတာနော်
votes မပေးရင်နောက်နေ့မလာဘူးမှတ်။
ဒါနဲ့ နိုရေးတဲ့အဆင်ပြေရဲ့လားဟင်ပြောကြပါအုံး။

မောင်Where stories live. Discover now