''မောင် ငါတို့ခရီးသွားကြမလား´´
''ဘယ်သွားချင်လို့လဲငယ်´´
''ဘားအံဘက်သွားချင်တယ်မောင် အပြန်မှာ
ရွှေစာရံနဲ့ကျိုက်ထိီးရိုးလည်းဝင်ချင်သေးတယ်´´''ဟုတ်ပြီငယ်မောင်အလုပ်မြန်မြန်ပြီးအောင်ကျိုးစားပါ့မယ်´´
''ကျေးဇူးမောင်´´
မိုးစက်မကျရောက်သေးသည့်အချိန်ကိုကြိုတွေးကာအိပ်မရဖြစ်နေသည်။ခေတ်ဝေယံနှင့်သွားရ
မည့်ခရီးကိုသာစိတ်ကူးနေခဲ့သည်။ခေတ်ဝေယံသည်လည်းထို့နည်းတူစွာမိုးစက်နှင့်ပထမဦးဆုံးသွားရမယ့်ခရီးကိုတွေးရင်းရင်ခုန်နေခဲ့သည်။မိုးစက်နဲ့ခရီးသွားဖို့အလုပ်တေ၃ရက်အတွင်းအပြီးဖြတ်နေသည့်ခေတ်ဝေယံ။သူကိုယ်တိုင်လည်းဘာလို့ဒီလိုလုပ်နေမှန်းသိခဲ့သော်လည်းခေတ်ဝေယံအလုပ်ကိုမြန်မြန်ပြီးဖို့သာလုပ်ရသည်။
၃ရက်ကြာသော်
----------
''ငယ်အထုပ်ပြင်တော့´´''ဘာတုန်းမောင်ရဲ့ရုတ်တရက်´´
''ဟာငယ်ပဲခရီးသွားမယ်ဆို´´
''မောင်!! မောင်အတည်ပြောတာလား ဒီလောက်မြန်မြန်ကြီးလေ´´
''ဒါပေါ့ငယ်ရဲ့မနက်ဖြန်မနက်သွားမယ်´´
''ဟုတ်ပြီမောင်ငါအင်္ကျီသွားထည့်တော့မယ်နော်ဟီးဟီး´´
ရွှတ်
ခေတ်ပါးအားလျှပ်တစ်ပျက်နမ်းသွားသည့်မိုးစက်အားခေတ်မှင်သတ်စွာဖြင့်ကြည့်နေမိသည်။
အတိုင်းသားပြန်ကြားနေရသောရင်ခုန်သံအားမယုံနိုင်စွာဖြင့်ပြန်ကိုင်ကြည့်ရသေးသည်။'ငါကညာချင်ပေမယ့်ငါ့နှလုံးသားကမညာဘူးဘဲ´
ဟုခေတ်တွေးကာပြုံးမိသည်။ထို့နောက်မိုးစက်ရှိရာအခန်းထဲသို့လိုက်နှင့်လေသည်။အပေါ်ထပ်ရောက်သော်ဌားလည်းအကောင်ပေါက်လေးကအခန်းတံခါးကိုပိတ်မထားပဲဖွင့်ထားသည်။အခန်းထဲဝင်မည်အလုပ်ကြားရတဲ့အသံကြောင့်ခေတ်အခန်းဝတွင်မိန့်မိန့်ကြီးရပ်ကာကြောင်ကြည့်နေမိသည်။
''ဒါမုန့်လေးကမောင့်အကြိုက်မောင်လမ်းမှာ
စားဖို့´´''ဒါလေးကမောင်သုံးနေကြတံဆိပ်´´