''အားမောင်ရေ ငါတို့ပြန်ရတော့မယ်နော်
အီးဟီးမောင်နဲ့ခရီးအတူသွားရတာပျော်စရာကြီးဘဲ´´မိုးစက်နာနာကျင်ကျင်ပြုံးရင်းသာပြောလိုက်သည်။
''ဟုတ်လားမောင့်အသက်လေးပျော်ရင်ပြီးတာပါဘဲဗျ´´
ဒီနေ့ကခေတ်တို့ပြန်ကြမည့်နေ့ဖြစ်သည်။
မောင်နဲ့ခရီးလမ်းတစ်လျှောက်ကပျော်ဖို့ကောင်းခဲ့ပါတယ်ဒါပေမယ့်လည်းနာကျင်ခဲ့ရတယ်။
မောင်နဲ့ဒီလိုခရီးမျိုးအများကြီးသွားချင်တယ်နောက်ကနေဝိုင်မပါခဲ့ရင်ပေါ့။''ငယ်ဘာတေစဥ်းစားနေတာလဲ´´
''မောင်နဲ့နောက်ထပ်ခရီးသွားဖို့ကိုလေ´´
''ဟာ ငယ်ကတော့ပိုပြီအခုပဲပြန်ကြတော့မှာကို´´
''ဘာပိုတာလဲတကယ်ပြောတာကို´´
''ဟားဟားဟုတ်ပါပြီဗျာ´´
ဒီနေ့မောင်နဲ့ခရီးထွက်တာနောက်ဆုံးရက်ဖြစ်တယ်။ငါတို့ရန်ကုန်ပြန်ရောက်ရင်အရာအားလုံးကအရင်တိုင်းပြန်ဖြစ်သွားမယ်ထင်ပါတယ်မောင်။
မိုးစက်တွေးရင်းသာကားပေါ်မှာတစ်ရေးအိပ်လိုက်သည်။
''ငယ်ရေ အိမ်ပြန်ရောက်ပြီ´´
မောင်ခေါ်သံကြားမှသာ မိုးစက်နိုးလာခဲ့သည်။
''အာပြန်တောင်ရောက်ပြီလား အိပ်ပျော်သွားတာသတိတောင်မထားမိလိုက်ဘူး´´
''နောင်ရေအထုပ်လာသိမ်း´´
နောင်ထွက်မလာသေးပါ။
''နောင်လခေါ်နေတယ်လေ´´
မိုးစက်စိတ်မရှည်စွာဖြစ်အိမ်ထဲသို့တိုက်ရိုက်ဝင်သွားလိုက်သည်။
''ဟင်မေမေ´´
မေမေကဘယ်လိုလုပ်ရောက်လာတာလဲ။မိုးစက်အတွက်မိုးကောင်းကင်ပြိုကြသလိုပါပဲ။မေမေကမောင်နဲ့ယူဖို့သဘောမတူခဲ့ဘူးလေ။မောင့်ကိုသိပ်ချစ်လွန်းလို့အတိုက်ခံလုပ်ခဲ့တာ။
''မေမေဘယ်လိုလုပ်ရောက်လာတာလဲ´´
မေ့မေ့ရဲ့မောင့်ကိုအထင်သေးစွာကြည့်တဲ့အ
ကြည့်တေကိုမိုးစက်မကြိုက်ပါ။