''မောင်မနေ့ညကပြန်လာတာနောက်ကျတယ်နော်´´
''သောက်တာများသွားလို့ပါ ပြန်ကြမယ်လေအကုန်သိမ်းပြီပြီမှတ်လား´´
''အင်းမောင်အဆင်သင့်ပဲ ဒီမှာမောင်ခေါင်းကိုက်မှာဆိုးလို့ သံပုရာရည်ဖျော်ထားပေးတယ်´´
''ကျေးဇူးငယ်´´
ခေတ်တို့အပြင်လမ်းမှာ မိုးစက်ဖူးချင်သည့်ကျိုက်ထီးရိုးကိုဝင်လိုက်သည်။
''ငယ် ကျိုက်ထီးရိုးရောက်ရင်ဘာဆုတောင်းမလဲ´´
''မောင်နဲ့နောင်ဘဝပြန်မဆုံပါစေနဲ့လို့ဆုတောင်းမယ်မောင်´´
သိပ်ချစ်တာပေါ့မောင်ရယ်။ငါမောင့်ကိုသိပ်ချစ်တာပေါ့။ဒါပေမယ့်လေနောင်ဘဝပြန်မဆုံချင်ဘူးမောင်။ဘာလို့လဲဆိုတော့မောင်ကငါ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ်။မောင့်ကိုမုန်းလိုက်ချင်တယ်မောင်။
''ဘာတေပြောနေတာလဲငယ် မောင်ဘာလုပ်မိလို့လဲ´´
''မောင့်ကိုငါယုံတယ်မောင် မောင်ကငါ့တွက်မရှိမဖြစ်ပဲမောင်ရယ် ငါလေမောင့်ကိုသိပ်ချစ်တာ´´
''ဟုတ်ပြီမောင်သိပြီမို့မငိုနဲ့တော့နော် လာမောင်ဖတ်ထားပေးမယ်´´
ခေတ်ကားပေါ်တွင်ခဏအကြာမိုးစက်ကိုဖတ်ပြီးနှစ်သိပ့်ပေးလိုက်သည်။ထို့နောက်ကျိုက်ထိီးရိုးသို့ခရီးဆက်ကြသည်။လမ်းခရီးတစ်လျှောက်လုံးခေတ်မိုးစက်လက်ကိုကိုင်သွားပေးသည်။ဒါပေမယ့်မိုးစက်မှာတစ်လမ်းလုံးမျက်နှာမလှဘဲငိုမဲ့မဲ့ရုပ်ဖြစ်နေသည်။
''မောင် ငါ့ကိုရောချစ်ရဲ့လား ငါနဲ့ဝိုင်ဆိုဘယ်သူ့ကိုရွေးမှာလဲမောင် ´´
''ဘာလို့အဲ့လိုမေးတာလဲ ငယ်´´
''ငါမေးတာသာဖြေစမ်းပါမောင်ရယ်´´
မိုးစက်မျက်ရည်များကျလျက်မေးသောကြောင့်ခေတ်မှာဆောက်တည်ရာမရဖြစ်လေ၏။
''ဟိို ဟိုမောင်လေမောင်က´´
''စကားတေထစ်မနေနဲ့မောင်ငါစိတ်မဆိုးရပါ
ဘူး´´''မောင် ငယ့်အနားမှာရှိနေရင်မောင့်ရင်တေခုန်တယ်ငယ်´´
''ဒါဆိုဝိုင့်နားရောင်ရင်ရောမောင်´´