''သတိုးဇေယျာခေါင်!!!!´´
''ဘာလဲဗျာ မေမေတို့ကအားနေကျုပ်ကိုပဲ´´
''အေ့နင့်လုပ်တာလူကြားလို့ကောင်းသေးရဲ့လား
သူများကိုခေါင်းသွားရိုက်ခွဲလာရတယ်လို့အေ ငါ့နဲ့စိတ်ညစ်ပါတယ်´´''ဟာဗျာသွားပြီ မေမေရာ မေမေတို့နဲ့စိတ်ညစ်တယ်သူကအရင်စတဲ့ဟာကိုမေမေတို့ကဘာမှလည်းမသိဘဲနဲ့´´
သတိုးဆိုင်ကယ်ကိုဝုန်းဒိုင်းဆွဲပြီးခြေဦးတည့်ရာကိုမောင်းခဲ့သည်။ကန်သာယာညစျေးဘက်ကိုရောက်တော့ဗိုက်လာဆာလာတာနဲ့ ဆိုင်ကယ်ကိုထိုးရပ်ပြီးတစ်ခုခုဝင်စားဖို့ဆိုင်ကယ်ပေါ်ကဆင်းလာလိုက်သည်။စားချင်တဲ့အစားအစာကိုလိုက်ရှာနေတုန်းကောင်လေးတစ်ယောက်နဲ့ဝင်တိုက်မိသည်။
''အာ့ တောင်းပန်ပါတယ်ဗျကျွန်တော်မှားသွားပါတယ်´´
ချက်ချင်းတောင်းပန်လာတဲ့ကောင်လေးကိုကြည့်ပြီးခေါင်သဘောကျမိသည်။ဘယ်လိုကောင်လေးလည်းဟ။ချစ်ဖို့ကလည်းကောင်း၊အသားလေးကလည်းဖြူဖြူဖွေးဖွေးလေး၊အရပ်ကတော့ခေါင်ထပ်ပုတယ်ဆိုပေမယ့်သိပ်ကြီးတော့မပု၊ဒီကောင်လေးကိုကြည့်ပြီးခေါင်ပြုံးမိသည်။ကိုယ်မင်းကိုချစ်မိပြီထင်တယ်ကောင်လေးရေ။
''နာမည်ဘယ်လိုခေါ်လဲ ´´
''ဗျာ´´
ကြောင်တောင်တောင်နဲ့လန့်သွားတဲ့ကောင်လေးမျက်နှာကကြောင်ပေါက်လေးအတိုင်းပဲ
မောင့်ကိုအဲ့လောက်မပြုစားပါနဲ့ခများရယ်။''၂ခါမမေးဘူး´´
''ဗျ ဗျာ ဟုတ်ဟုတ် ဟိုဟို ကျွန်တော့်
ကျွန်တော့်´´''ကျစ်´´ ကျစ်တစ်ချက်စုပ်မိလိုက်တော့ထိုကောင်လေးကမျက်ရည်ဝဲလာရော
''ကျုပ်စိတ်မရှည်ဘူးနော်ခများနာမည်ပြော´´
''ဟင့် ဟင့်မင်းစေတမာန်ပါ´´
''ဟုတ်ပြီ မင်းစေတမာန် ကျုပ်နောက်လိုက်ခဲ့
ပါ´´''ဗျာဗျာ အီးဟီးကျွန်တော်တောင်းပန်ပါတယ်ဗျာ ကျွန်တော့ပိုက်ဆံအိပ်လေးပဲခိုးမိတာပါ အဲ့တာလည်းကျွန်တော်ပိုက်ဆံမရှိလို့မဟုတ်ပါဘူး
ကျွန်တော့်သူငယ်ချင်းတေနဲ့လောင်းထားလို့ပါ အီးဟီး ´´