''မောင် သူကဘယ်သူလဲ''
''မောင့်ရဲ့ပန်းစိုက်လုပ်ငန်းကမိတ်ဆွေပါ''
''မောင်ငါတို့ပြန်ကြမယ်လေ ကျိုက်ထိီးရိုးသွားချင်ပြီ''
''အင်းပါ ဒီညမောင့်အသိနဲ့Clubမှာချိန်းထားလို့ခဏသွားမယ်နော်''
''ငါလိုက်လို့ရမလားမောင်''
''ငယ် ပျင်းနေမှာဆိုးလို့ပါ''
''အင်းဒါဆိုမလိုက်တော့ဘူးနော် စောစောပြန်လာခဲ့ ဒါဆ်ိုခဏနေhotelပြန်ကြမယ်နော်မောင်''
''အင်း''
မောင့်ကိုယုံတယ်၄နှစ်တောင်ငါ့ရဲ့အချစ်ကိုဖော်ပြထားတာဘဲမောင့်ကိုငါယုံတယ်။မောင်ကငါ့ကိုချစ်နေတာအမှန်ပဲနေမှာပါ။
---------------
''ဒီညငါတို့ MOASD မှာတွေ့မယ်နော်''
''အိုခီဘာ''
ခေတ်သူ့ရဲ့ညီလေးတစ်ယောက်လိုချစ်ရတဲ့ခေါင်နဲ့အတူတူတွေ့ဖို့Clubတစ်ခုမှာချိန်းလိုက်သည်။ထိုClubသည်လည်းခေတ်၏ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။ခေါင်နဲ့မတွေ့ရတာကြာတော့လုပ်ငန်းအကြောင်းလည်းဆွေးနွေးရင်းသာကြောင်းညာကြောင်းပြောဖို့ချိန်းလိုက်သည်။
ခေတ်ခေါင်နဲ့ဖုန်းပြောပြီပြီချင်းဝိုင်ဆီမှMESSAGEရောက်လာသည်။
''ကိုကိုဝိုင်ဘားအံရောက်နေတယ်''
''အဲ့တော့??''
''ဝိုင်တစ်ယောက်တည်းဒီညတွေ့ရအောင်လေ ကိုကိုတို့ဘားအံရောက်နေတာသိတယ်နော်''
''အိုခေ MOASD မှာတွေ့မယ်''
ခေတ်ဖုန်းပိတ်ပြီးမိုးစက်ကိုကြည့်မိတော့ကောင်လေးကအိပ်မောကျနေပြီ။ခေတ်လည်းမနှိုးတော့ဘဲ ရေမိုးချိုးအဝတ်အစားလဲပြီး အဝတ်လဲခန်းထဲမှထွက်လာသည်။ ကုတင်ပေါ်မှာအိပ်မောကျနေတဲ့ ကောင်လေးကိုအကြည့်ရောက်ကာ ကောင်လေးနားသို့ကပ်ကာ နဖူးလေးအားအနမ်းချွေလိုက်သည်။
''မောင့်အချစ် ကောင်းကောင်းအိပ်နှင့်နော်
မောင်စောစောပြန်ခဲ့မယ် မွ''ထိုကောင်လေးနဖူးအားအနမ်းချွေပြီးချိန်းထားသည့်နေရာဆီသို့ဦးတည်လျက်.....
Clubရောက်သောအခါ
ရောင်စုံမီးအလင်းများနှင့်လူတေက ခုန်းနေကြတာကြည့်ရတာငြီးငွေ့စရာ၊သို့သော်အလုပ်ကိစ္စနဲ့လာတာကြောင့်အရာအားလုံးကိုသည်းခံလိုက်သည်။ခဏကြာတော့ခေါင်ရောက်လာသည်။