မနက်၁၀နာရီတွင်Untion Centerရှိသည့်နေရာသို့မိုးစက်လွန်ခဲ့တဲ့၅နှစ်ကအတိုင်းပင်ဝတ်၍လာခဲ့သည်။လွန်ခဲ့သည်၅နှစ်ကအတိုင်းပင်မျက်မှန်ကိုမာန်ပါပါချွတ်ပြီးCenterထဲသို့ဝင်လာလိုက်သည်။
ဓာတ်လှေကားသို့ဝင်ဖို့အလုပ်လူတစ်ယောက်နဲ့ဝင်တိုက်မိမလိုဖြစ်ကာရှောင်လိုက်မိ၏။
ခေတ်လည်းမှင်သက်စွာဖြင့်ခဏအကြာရပ်
ကြည့်မိကာဓာတ်လှေကားထဲသို့ဝင်သွား၏။ဓာတ်လှေကားထဲတွင်သူတိူ့၂ဦးနှင့်တစ်ခြားစျေးဝယ်သူများနှင့်ပြည့်ကျပ်လို့နေသည်။မိုးစက်လည်းလွန်ခဲ့တဲ့၅နှစ်တုန်းကဝင်ခဲ့သည့်ဖိနပ်ဆိုင်သို့ဝင်သွားသည်။ဝန်ထမ်းကောင်မလေးတစ်ဦးနှစ်ဦးကလွဲလို့ဆိုင်အပြင်အဆင်တေဘာမှပြောင်းလဲမှုမရှိ။
''ညီမ´´
လွန်ခဲ့တဲ့၅နှစ်ကအတိုင်းပင်ထိုဝန်ထမ်းမလေးသည်မိုးစက်၏ခေါ်သံကိုမကြားပေ။
''ညီမ´´
''ရှင်မကြားလိုက်လို့ရှင့်´´
''မကြားရအောင်ဘာလုပ်နေလို့လဲ´´
''အယ်Boss´´
ထိုကောင်မလေးကခေါင်းကိုငုံနေခဲ့သည်။လွန်ခဲ့သည့်၅နှစ်နဲ့မတူသည်မှာမိုးစက်ပင်ဖြစ်သည်။
''ဒါဆိုရင်ကျွန်တော်သွားလိုင်ပါအုံးမယ်ဗျ´´
ဒီတစ်ခါလည်းမိုးစက်ခေတ်ကိုကျောခိုင်းကာထွက်သွားပြန်သည်။မိုးစက်အိမ်ကိုသာပြန်လာလိုက်သည်။မိုးစက်အိမ်ရောက်တာနဲ့ချက်ချင်းပင်ခေတ်ဆီကဖုန်းဝင်လာသည်။
''လွန်ခဲ့တဲ့၅နှစ်ကသာအဲ့လိုဝင်မတိုက်မိခဲ့ရင်ကျွန်တော်လည်းဒီလောက်ခံစားရမှာမဟုတ်
ဘူး´´''ငါသာမင်းကိုမြင်ပြီးရှောင်မိခဲ့ရင်သိပ်ကောင်းမှာခေတ်´´
''တောင်းပန်ပါတယ် ကျွန်တော်တကယ်တောင်းပန်ပါတယ် ကျွန်တော်မနေနိုင်လို့ပါ´´
''sryပါခေတ် ကိုယ်မင်းကိုစိတ်နာတယ်´´
''အခွင့်ရေးတစ်ခါလောက်ပေးလို့ရမလားအကို´´