ဆော့ဂျင်အလုပ်ကိုရောက်တော့ ၉နာရီထိုးဖို့ ၁၀မိနစ်သာလိုတော့သည်။
"ဟူး! တော်သေးတယ်။ နောက်မကျလို့"
ဆော့ဂျင် လက်မှာပတ်ထားတဲ့နာရီကိုကြည့်ကာတစ်ယောက်တည်းရေရွတ်လိုက်ပြီးနောက် ကြီးမားခန့်ထည်တဲ့အဆောက်အဦးကြီးကိုမော့ကြည့်မိတော့ကိုယ့်ကိုယ်ကိုဂုဏ်ယူမိသလိုလိုဘာလိုလို။ သူ့လို fresh graduate တစ်ယောက်အနေနဲ့အခုလို တောင်ကိုရီးယားရဲ့ နာမည်ကြီး top 30 စာရင်းဝင် Venus Law Firm မှာအလုပ်ရဖို့ဘယ်လွယ်ပါ့မလဲ။
"မင်္ဂလာပါ Venus မှကြိုဆိုပါတယ်ရှင်"
သူအထဲရောက်တော့ reception ကကောင်မလေးကဖော်ရွေစွာပြုံးပြပြီးနှုတ်ဆက်သည်။
"ကျွန်တော်က ရှေ့နေကင်ဆော့ဂျင်ပါ။ ဒီနေ့ကစပြီး Venus မှာအလုပ်ဆင်းရမှာပါ"
"ဪ.. ဟုတ်ကဲ့။ တွေ့ရတာဝမ်းသာပါတယ်။ Venus ရဲ့မိသားစုဝင်တစ်ယောက်ဖြစ်လာတဲ့အတွက်ဂုဏ်ပြုပါတယ်ရှင့်"
"ကျေးဇူးပါ။ ဒါနဲ့ကျွန်တော်ကအခုဘယ်မှာ..."
"ဒုန်း"
သူ့စကားတောင်မဆုံးခင်ထွက်ပေါ်လာတဲ့ကျယ်လောင်တဲ့အသံကြောင့် သူရော ကောင်မလေးပါ မတိုင်ပင်ထားဘဲအသံလာရာကိုပြိုင်တူကြည့်မိသွားသည်။
"ဒုန်း..ဒုန်း"
အပေါက်ဝမှာတံခါးနဲ့တိုက်ပွဲဖြစ်နေတဲ့လူတစ်ယောက်တံခါးကိုအသည်းအသန် အားကုန်တွန်းနေပေမယ့် တံခါးကပွင့်မလာတာကြောင့်ချွေးပြန်နေပုံရသည်။ Reception ကကောင်မလေးက ကပျာကရာ ကောင်တာကနေထွက်ပြီးထိုလူ ဝင်လို့ရအောင်တံခါးပြေးဖွင့်ပေးရသေးသည်။
"တံခါးက တွန်းရမှာမဟုတ်ဘူးရှင့် ဆွဲရမှာ"
ကောင်မလေးစကားကြောင့်ထိုလူကအရှက်ပြေ ပါးချိုင့်တွေခွက်တဲ့အထိရယ်လိုက်ပြီး..
"ဟီး..ဟီး.. ထင်တော့ထင်သား။ ကျွန်တော်ကအမေရိကားမှာအကြာကြီးနေဖူးခဲ့ပေမယ့် အခုအချိန်ထိ pull နဲ့ push ကိုမကွဲသေးဘူး ဟီး..ဟီး"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...