"ဒိန်း"
အလုပ်ကိုရောက်ရောက်ချင်းကျယ်လောင်တဲ့အသံတစ်သံအနောက်ကနေထွက်ပေါ်လာလို့ဆော့ဂျင်အလန့်တကြားလှည့်ကြည့်လိုက်မိသည်။ အသံထွက်ပေါ်လာစေတဲ့တရားခံကတော့ တခြားသူမဟုတ်ပါဘူး ကင်နမ်ဂျွန်းကိုယ်တိုင်ပါပဲ။
"အား"
နဖူးလေးကိုပွတ်ပြီးအနားကိုလျှောက်လာတဲ့နမ်ဂျွန်းကိုကြည့်ပြီးဆော့ဂျင်ရယ်ချင်တဲ့စိတ်တွေကိုမနည်းထိန်းထားရသည်။ reception ကကောင်မလေးကိုလှန်းကြည့်လိုက်တော့ သူ့လိုပဲရယ်ချင်တဲ့စိတ်ကိုမနည်းထိန်းထားရလို့ထင်.. မျက်နှာတွေတောင်ရဲလို့။
"ရှေ့နေကင်နမ်ဂျွန်းကတော့ ရုံးကိုရောက်တာနဲ့ဝတ္တရားမပျက် အဝင်တံခါးကို နဖူးနဲ့တိုက်ပြီးနှုတ်ဆက်တော့တာပဲနော်"
"ဟဲ..ဟဲ..ကျွန်တော်အတွေးတွေများသွားလို့ပါ"
ရှက်သွားပုံရတဲ့နမ်ဂျွန်းကကောင်မလေးရဲ့စကားကိုပြုံးစိစိနဲ့ပြန်ဖြေသည်။
"ရရဲ့လား..တော်တော်နာသွားတဲ့ပုံပဲ"
ဘေးမှာရပ်နေတဲ့ဆော့ဂျင်ကဂရုတစိုက်မေးလာတော့နမ်ဂျွန်းက...
"ရပါတယ်..ဘာမှမဖြစ်ပါဘူး"
"ဟင်! ဘယ်လိုလုပ်ရမှာလဲ..ဒီမှာဘုသီးကြီးတောင်ထွက်လာပြီ"
ဆော့ဂျင်ကနမ်ဂျွန်းရဲ့နဖူးကိုလက်ညှိုးထိုးပြီးပြောလိုက်တော့ နမ်ဂျွန်းကသူ့လက်နဲ့နဖူးကိုကိုင်ကြည့်လိုက်ပြီးရှက်ပြုံးလေးနဲ့...
"တော်တော်အခြေအနေဆိုးသွားလားဟင်"
"အင်း...တော်တော်လေးကိုယောင်နေတယ်"
"ဟုတ်လား"
ဆော့ဂျင်ကတစ်ခုခုကိုသတိရဟန်ဖြင့်လက်ခုပ်လေးတီးလိုက်ပြီး..
"လာ..ကျွန်တော့်နောက်လိုက်ခဲ့"
ဦးဆောင်ပြီးထွက်သွားတဲ့ဆော့ဂျင်ရဲ့နောက်ကိုနမ်ဂျွန်း လိုက်လာရင်း သူ့အပေါ်မှာအရင်ထက်ပိုပြီးရင်းနှီးလာပုံရတဲ့ဆော့ဂျင်ရဲ့အပြုအမူလေးတွေကိုတွေးရင်းပြုံးနေမိသည်။ ကြည့်ရတာတော့သူ့ကိုမိတ်ဆွေအဖြစ်အသိအ မှတ်ပြုလိုက်ပုံပဲ။
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...