မနေ့ကအထိသေမလိုမျက်နှာပေးနဲ့သကောင့်သားကဒီနေ့တော့အရင်နေ့တွေနဲ့မတူသွားတွေအအေးပတ်မတက်ပြုံးဖြီးနေတာမြင်တော့ ဆောင်းဘင်းနဲ့မင်ဟာအမြင်ကပ်ချင်လာသည်။ ဂျောင်ကုကတော့အဲ့ဒါတွေဘာမှမသိ သူ့ဖုန်း screen ကိုသာမျက်လုံးမလွှဲနိုင်အောင်ဖြစ်နေသည်။
"ဘာလို့ငါပို့ထားတဲ့စာတွေတစ်ခုမှဖွင့်မဖတ်သေးတာလဲ... မအားလို့များလား"
"မင်းဒီနေ့စာလုပ်ဖြစ်ဦးမှာလား"
"အေ့လေ.. အရင်နေ့တွေတုန်းကစိတ်ညစ်လို့ဆိုပြီးစာမလုပ်ဘူး။ အခုစိတ်ပျော်နေတော့လည်းစာလုပ်ဖို့စိတ်မပါပြန်ဘူး။ ဂျွန်ဂျောင်ကုအတွက်စာလုပ်တယ်မလုပ်ဘူးဆိုတာ mood နဲ့မဆိုင်ဘူး..ဒီအတိုင်းမလုပ်ချင်လို့မလုပ်တာပဲ"
ပွစိပွစိပြောနေတဲ့ဆောင်းဘင်းနဲ့မင်ဟာကိုဘာမှပြန်လည်ချေပခြင်းမပြုပဲသွားကြီးစိပြီးသာပြုံးပြနေတဲ့ဂျောင်ကုကိုကြည့်ပြီးသူတို့နှစ်ယောက်ခေါင်းသာပြိုင်တူခါလိုက်မိတော့သည်။
"ဟော! စာပြန်ပို့ပြီ"
"ဘာတဲ့လဲ"
"အင်း တဲ့... ငါ A4 နှစ်မျက်နှာလောက်ပို့လိုက်တာကိုသူကငါ့ကို 'အင်း' တစ်လုံးတည်းပြန်ပို့တယ်"
"ငါသာရှေ့နေကင်နေရာမှာဆိုရင်မင်းကိုပေးခဲ့တဲ့အဖြေကိုချက်ချင်းပြန်ရုတ်သိမ်းတယ် သိလား"
"အေ့လေ"
ဆောင်းဘင်းနဲ့မင်ဟာကအကွက်ရတုန်းသူ့ကိုဖိနှိပ်နေမှန်းသိပေမယ့် သူကလည်းဒီနေ့စိတ်ကောင်းဝင်နေတော့စိတ်မဆိုးနိုင်ဖြစ်နေသည်။
"နည်းနည်းတော့ အိုဗာ ဖြစ်သွားတယ်နော်"
"နည်းနည်းမဟုတ်ဘူးဟေ့...အများကြီးကိုအိုဗာဖြစ်သွားတာ။ တကယ်ပဲ လွန်ကိုလွန်တယ်"
"လွမ်းနေတာကို.. ဘယ်တတ်နိုင်မှာလဲ။ အသံလေးကြားချင်လို့ဖုန်းဆက်ချင်ပေမယ့်အလုပ်ချိန်ဖုန်းမဆက်ရဘူးဆိုလို့"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...