ဆော့ဂျင်ချပေးတဲ့ကော်ဖီကိုတစ်ငုံသောက်လိုက်ပြီး
အွန်းချယ်ရီ ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြဖို့စိတ်ကိုပြင်ဆင်လိုက်သည်။"ဒီလိုပါ..တကယ်တော့ Sky နဲ့ကျွန်မနဲ့ကချစ်သူတွေပါ။ သာမန်မိသားစုကနေဆင်းသက်လာပြီးဘာဂုဏ်ဒြပ်မှမရှိတဲ့ကျွန်မအတွက် Sky ဆိုတဲ့ idol တစ်ယောက်ရဲ့ချစ်သူဖြစ်ရတာ သိန်းထီပေါက်သလိုကံကောင်းတယ်လို့ဆိုရမှာပေါ့။ အစပိုင်းမှာတော့ဘာပြဿနာမှမရှိခဲ့ပါဘူး။ သူကလည်းအရမ်းဂရုစိုက်ပြပြီးချစ်ပုံရတော့ အချစ်စစ်တွေ့ပြီဆိုပြီးပျော်မဆုံးဖြစ်နေခဲ့တာပေါ့"
အွန်းချယ်ရီကသူ့စကားကိုခဏရပ်လိုက်ပြီးကော်ဖီတစ်ငုံထပ်သောက်လိုက်သည်။ ဆော့ဂျင်ကတော့ အွန်းချယ်ရီပြောသမျှကိုစိတ်ဝင်တစားဂရုစိုက်နားထောင်နေသည်။
"ကျွန်မတို့တွဲပြီး ၂လအကြာမှာပြဿနာစတာပဲ။ သူကအရမ်းသဝန်တိုတတ်တယ်။ ယောက်ျားလေးသူငယ် ချင်းတွေနဲ့စကားပြောရင်တောင်ကြိုက်တာမဟုတ်ဘူး။အစကတော့သဝန်တိုတာချစ်လို့ဆိုပြီးနားလည်ပေးခဲ့တယ်။နောက်ပိုင်း လက်တွေခြေတွေပါလာတော့ ကျွန်မသူ့ကိုကြောက်လာမိတယ်"
အွန်းချယ်ရီက သူ့အင်္ကျီလက်ကိုပင့်ပြီးသူ့လက်ပေါ်ကညိုမဲနေတဲ့အရှိုးရာတွေကိုပြတော့ဆော့ဂျင်စိတ် မကောင်းဖြစ်မိသည်။ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ကိုအခုလိုလူမဆန်စွာရိုက်နှက်တဲ့ကောင်ကိုလည်းစိတ်ထဲကနေကျိန်ဆဲမိသေးသည်။
"အခုလိုစိတ်ရှိလက်ရှိရိုက်ပြီးသွားရင်လည်း ခြေထောက်ကိုဖတ်မတက်ဒူးထောက်ပြီးတောင်းပန်လေ့ရှိတယ်။ အဲ့လိုအချိန်ကျရင် ငါ့ကိုချစ်လို့သဝန်တိုတာပဲဆိုပြီး ခွင့်လွှတ်ပေးပြီးပြန်တွဲဖြစ်တာပဲ။ နောက်တော့တဖြည်းဖြည်းနဲ့အရမ်းလွန်လာတယ်။ တနေ့ ကျွန်မရဲ့ငယ်သူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေတာတွေ့သွားပြီးကျွန်မကိုပြဿနာရှာပါတယ်။ ကျွန်မလည်းသည်းမခံနိုင်တော့တာနဲ့ပြတ်မယ်လို့ပြောလိုက်မိတယ်။ အဲ့ဒါသူ့ကိုအဲ့လိုပြောရမလားဆိုပြီး ကျွန်မကိုခါးပတ်နဲ့စိတ်ရှိလက်ရှိရိုက်ပါတယ်။ နောက်ပြီးရိုက်ရတာနဲ့မတင်းတိမ်တော့ပဲရေချိုးကန်ထဲပါခေါင်းနှစ်တဲ့အထိလုပ်ခဲ့ပါတယ်...ဟင့်..ဟင့်..ဟင့်"
YOU ARE READING
Born To Love You (✔)
Fanfic(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...