Chapter 16: The Never-ending Saga Continues

1.8K 258 11
                                    

​ဂျောင်ဟယ်လင်းများစိတ်​ပြောင်းသွားမလားဆိုပြီးသူနဲ့နမ်ဂျွန်းအိမ်​ရှေ့မှာအကြာကြီး​စောင့်​နေခဲ့​ပေမယ့် ဘာမှမထူးခြားလာတာ​ကြောင့်လက်​လျှော့ပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့ဖိုဟန်ကထွက်လာ​တော့​မှောင်စပြု​နေပြီ။ ​ဆော့ဂျင်လည်းလူပင်ပန်းတာထက်စိတ်ကပိုပင်ပန်းသွားလို့ထင်တယ်..ကား​ပေါ်​ရောက်ပြီးသိပ်မကြာခင်ပဲငိုက်မြည်းလာ​တော့သည်။ ကားအကြာကြီး​မောင်းလာရတဲ့နမ်ဂျွန်းကိုအားနာတာနဲ့မျက်လုံးကိုအတတ်နိုင်ဆုံးပြူးထားပြီးမအိပ်ဖို့ကြိုးစားကြည့်ပါ​သေးတယ်။ ဒါ​ပေမယ့် သိပ်မကြာခင်မှာပဲ ​ဆော့ဂျင်တစ်​ယောက်အိပ်မက်ကမ္ဘာကို​ရောက်သွား​တော့သည်။

နမ်ဂျွန်းကား​ကိုဂရုစိုက်မောင်း​နေရင်း​​ ​ဆော့ဂျင်ငြိမ်​နေတာနဲ့လှည့်ကြည့်လိုက်​တော့ ဆော့ဂျင်ကကားမှန်ကို​ခေါင်း​လေးမှီပြီးအိပ်​မောကျ​နေပြီ။ နမ်ဂျွန်းလည်းကားကိုလမ်း​ဘေးမှာခဏရပ်လိုက်ပြီး ကား​နောက်ခန်းက​ခေါင်းအုံးလေးကို ကားမှန်နဲ့​ဆော့ဂျင်​ခေါင်းရဲ့ကြား​ထဲမှာ ထား​ပေးလိုက်သည်။ ပြီး​တော့မှကားကိုဖြည်းဖြည်းချင်းဆက်ပြီး​မောင်းလာခဲ့သည်။

​ဆော့ဂျင်တို့အိမ်နားကို​ရောက်လို့ ကားကိုရပ်လိုက်​ပေမယ့်အိပ်​ပျော်​နေတဲ့​ဆော့ဂျင်က​တော့မနိုး​သေး​ပေ။​ ဆော့ဂျင်ကို နှိုးရမယ်ဆို​ပေမယ့် အိပ်​ပျော်​နေတဲ့ပုံ​လေးက က​လေး​လေးတစ်​ယောက်လိုဖြူစင်​နေ​တော့ နမ်ဂျွန်းမနှိုးရက်။ အဲ့ဒါနဲ့ပဲ စတီယာရင်​ပေါ်​​ခေါင်း​လေးတင်လိုက်ပြီး အိပ်​ပျော်​နေတဲ့​ဆော့ဂျင်ရဲ့မျက်နှာ​လေးကို​ခေါင်း​လေး​စောင်းပြီးကြည့်​နေမိသည်။ ​ဆော့ဂျင်ရဲ့မျက်နှာ​လေးကိုဘယ်​​လောက်ကြာ​အောင်ကြည့်​နေမိလဲမသိ ​ဆော့ဂျင်လှုပ်ရှားလာတာမြင်မှ နမ်ဂျွန်း ကပျာကယာနဲ့အကြည့်လွှဲရသည်။

"အင်းးး.... ​ရောက်​တောင်​ရောက်​နေပြီလား"

​ဆော့ဂျင်က​ကြောင်​ပေါက်​လေးလိုလက်က​လေးကိုဆန့်ပြီး အ​ကျောဆန့်ရင်းနမ်ဂျွန်းကို​မေးသည်။

"​ရောက်..​ရောက်ပြီ။ အခု​လေးတင်ပဲ"

နမ်ဂျွန်းတစ်​ယောက်လူမသိ​အောင်ခိုးကြည့်​​နေပြီးမှမလုံမလဲနဲ့ စကား​တွေ​တောင်ထစ်ကုန်၏။

Born To Love You (✔)Where stories live. Discover now