သူ့ကိုမှတ်မိပုံမရတဲ့နိုဂျီချောကို ဂျောင်ကု မသိချင်ယောင်ဆောင်ဖို့ဆုံးဖြတ်လိုက်သည်။ သူလည်းအရင်တုန်းကလို ၁၀နှစ်အရွယ်မှမဟုတ်တော့တာ။ နိုဂျီချောမမှတ်မိတာမဆန်းပါဘူး။ သူကျောခိုင်းပြီးလှည့်အထွက်နိုဂျီချောက...
"ဂျွန်..ဂျောင်..ကု"
မထင်မှတ်ထားတဲ့ခေါ်သံကဂျောင်ကုရဲ့ခြေလှမ်းတွေကိုတုန့်ခနဲရပ်စေသည်။
"ဂျွန်ဂျောင်ကု..ဟုတ်တယ်မှတ်လား။ wow! ဘာလို့ဒီလောက်တောင်မင်းအဖေနဲ့ချွတ်စွတ်တူနေရတာလဲ"
သူ့နားကိုတစ်လှမ်းချင်းလျှောက်ရင်းပြောလာတဲ့
နိုဂျီချော..."ဒီအရွယ်တောင်ရောက်သွားပြီလား?ဟင်း..ဟင်း..အေးပေါ့လေ ၉နှစ်တောင်ကြာခဲ့ပြီကိုး။ အခုလိုချက်ခြင်းရောက်လာပုံထောက်ရင်တော်တော်စိတ်မြန်လက်မြန်ရှိပုံပဲ။နောက်မှအေးဆေးလာတွေ့ဖို့စဥ်းစားထားတာကို"
"ဒီမှာ..ခင်ဗျားကိုဒီအထိလာတွေ့တယ်ဆိုတာက ခင်ဗျားကိုလုံးဝမကြောက်ဘူးဆိုတာကိုပြချင်လို့။ အရင်လိုအားနည်းတဲ့ ကောင်လေးမဟုတ်တော့ဘူးဆိုတာကိုပြချင်လို့..အဲ့တော့ ခင်ဗျားဘာသာ ဘာအစီအစဥ်ပဲရှိရှိစိတ်မဝင်စားဘူး"
နိုဂျီချောကဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး..
"ဟား..ဟား..ဟား... ဒီလိုဆိုရင်ဘယ်စိတ်ဝင်စားစရာကောင်းပါ့မလဲ။ မကြောက်ဘူးတဲ့လား..."
"ဟုတ်တယ်..လုံးဝပဲ။ အဲ့ဒါကြောင့် ခင်ဗျားမှာဘာအစီအစဥ်ပဲရှိရှိ ထိပ်တိုက်ရင်ဆိုင်ဖို့အဆင်သင့်ပဲ"
"ကြည့်ရတာတော့ ငါ့ကိုရင်ဆိုင်ဖို့တော်တော်ပြင်ဆင်ထားပုံပဲ။ အဲ့ဒါဆိုရင်တော့ ကစားပွဲကဘယ်လှတော့မလဲ။ ငါ့နာမည်ကြားတာနဲ့ထိတ်လန့်နေစေချင်တာ။ ဘယ်အချိန်ငါ့ရှေ့ရောက်လာမလဲဆိုတဲ့စိုးရိမ်စိတ်နဲ့ကြောက်ရွံ့နေစေချင်တာ"
"အဲ့လိုထင်ရင် ခင်ဗျားမှားသွားမှာပေါ့။ အချိန်မရွေးကြိုက်တဲ့တိုက်ကွက်ထုတ်သုံးပြီးလာလို့ရတယ်"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...