"ဟေ့ကောင်! ဘာဖြစ်လို့လဲ? နေမကောင်းဘူးလား"
ရှေ့နေကင်နဲ့အဆင်ပြေပြီးနောက်ပိုင်း ၂၄နာရီတက်ကြွနေတဲ့ဂျွန်ဂျောင်ကုကဒီနေ့ကျမှထူးထူးခြားခြားကျောင်းကိုရောက်ကတည်းကစားပွဲခုံပေါ်မှာမှောက်အိပ်နေတာမြင်တော့မင်ဟာတစ်ယောက်ထူးဆန်းလွန်းလို့မေးမိခြင်းဖြစ်ပါသည်။ သူ့အသံကြားတော့မှဂျောင်ကုကလူးလဲထလာပြီးအိပ်ချင်မူးတူးအသံဖြင့်...
"ညကအိပ်ရေးပျက်ထားလို့ပါကွာ"
"ဘယ်လို!"
"ရား! မင်းအခုတွေးလိုက်တဲ့ဟာမျိုးမဟုတ်ဘူးနော်"
"ဟီး..ဟီး..ငါတောင်ဘာမှမပြောရသေးဘူး"
"မင်းအကြောင်းမသိဘဲနေမလားကွ။ မင်းတွေးသလိုဖြစ်လာဖို့ဆိုတာကလည်းအဝေးကြီးလိုသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့သူကငါ့ကိုသူ့အခန်းထဲခြေချခွင့်တောင်ပေးတာမဟုတ်ဘူး။ တားထားလိုက်တဲ့စည်းတွေဆိုတာလည်း တောင်နဲ့မြောက်ကြားက 38th parallel ကျနေရောပဲ။ မတော်တဆကျော်မိရင်အ သက်တောင်ပါသွားနိုင်တယ်"
ဘာမှတောင်မမေးရသေးဘူးမကျေနပ်ချက်တွေကိုစက်သေနတ်ပစ်သလိုလွှတ်ပြောနေတဲ့ဂျောင်ကုကိုကြည့်ပြီးမင်ဟာ.. ရယ်ချင်စိတ်ကိုမထိန်းနိုင်တော့
"ဟား..ဟား..ဟား..မင်းကိုဘယ်သူကရိုက်စစ်နေလို့ဒီလောက်တောင်အသေးစိတ်လာပြောပြနေတာလဲ"
"တစ်အိမ်တည်းနေတယ်ဆိုပေမယ့် ဘာအခွင့်အရေးမှမရဘူးဆိုတဲ့အကြောင်းကြိုပြောထားတာဟေ့"
"မင်းတို့ နမ်းတာတွေဘာတွေရောလုပ်ပြီးပြီလား"
ဂျောင်ကုကမျက်နှာကြီးပြုံးဖြီးသွားပြီး...
"ဟဲ..ဟဲ..အဲ့ဒါတော့လုပ်ပြီးပြီပေါ့။ ဒီဂျွန်ဂျောင်ကုကဒီအတိုင်းကအလှထိုင်ကြည့်နေမယ်ထင်လား"
"အဲ့လောက်ဆိုတော်ပြီပေါ့..မင်းကဘာအခွင့်အရေးတွေထပ်လိုချင်သေးလို့လဲ"
"ရား! အဲ့အခွင့်အရေးတောင်နေ့တိုင်းမရလို့ပေါ့။ သူစိတ်ကြည်နေရင်တစ်မျိုး စိတ်မကြည်တဲ့အချိန်တွေဆိုခေါင်းလည်းအခေါက်ခံရတယ်။ဆွဲဆိတ်လည်းခံရတယ်"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...