Final Chapter: Born to Love You

4.3K 288 37
                                    

ဆိုင်ထဲဝင်ဝင်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကို​ဒေါပွ​စေသည်။ ​ဂျောင်ကုက​ကောင်မ​လေးတစ်​ယောက်နဲ့မျက်နှာချင်းဆိုင်ထိုင်​နေပြီးခိုးခိုးခစ်ခစ်ရယ်​နေကြသည်။ ​ကောင်မ​လေးက​တော့သူ့ကို​ကျော​ပေးထားတဲ့အ​နေအထားဖြစ်​​နေတာ​ကြောင့်မျက်နှာကို​တော့​မမြင်ရ​ပေ။ သူ​အ​ပေါက်ဝမှာတင်ရပ်​ပြီးထိုမြင်ကွင်းကိုကြည့်​နေမိ​တော့ ​နောက်က​နေဝင်လာတဲ့မင်ဟိုက...

"​ရှေ့​နေကင် ဒီမှာဘာရပ်လုပ်​နေတာလဲ"

"ဪ..ဘယ်မှာထိုင်ရင်​ကောင်းမလဲလို့ကြည့်​နေတာ"

မင်ဟိုကဆိုင်တစ်ဆိုင်လုံးကိုလှည့်ပတ်ကြည့်လိုက်ပြီး..

"ဟိုနားကစားပွဲမှာလွတ်​နေတယ်..သွားထိုင်ရ​အောင်"

မင်ဟိုကဂျောင်ကုတို့ထိုင်​နေတဲ့စားပွဲနဲ့​လေးခုံ​လောက်ပဲခြား​တဲ့​နေရာကိုညွှန်ပြသည်။ ​ဆော့ဂျင်လည်းမစဥ်းစား​နေ​တော့ပဲ ​မင်ဟိုညွှန်ပြတဲ့​နေရာမှာပဲထိုင်ဖို့ဆုံးဖြတ်လိုက်သည်။ ​ဂျောင်ကုက​တော့သူ့ကိုမြင်ပုံမ​ပေါ်ကောင်မ​လေးနဲ့သာမိုးမြင်​လေမမြင်တွတ်ထိုး​နေသည်။သူတမင်သက်သက်ဂျောင်ကုတို့ဘက်ကိုမျက်နှာမူထားတဲ့ထိုင်ခုံမှာဝင်ထိုက်လိုက်သည်။ ယခုအခါ​ဘေး​စောင်းအ​နေအထားဖြစ်သွား​ပေမယ့် ဆံပင်ရှည်​တွေနဲ့ကွယ်ထားတဲ့ထို​ကောင်မ​လေးရဲ့မျက်နှာကို​တော့သူမမြင်ရ​သေး​ပေ။

"ဟ! ဘာ​တွေများ​ပြော​နေကြလို့ဒီ​လောက်​တောင်ဟီ လာတိုက်​နေရတာလဲ...သွား​တွေလည်းအ​​အေးပတ်ကုန်ဦးမယ်"

"ဟင်..​ရှေ့​နေကင်ဘာ​ပြောလိုက်တာလဲ"

သူတိုးတိုးတိတ်တိတ်​ပြောလိုက်​ပေမယ့်သူ့​ရှေ့ကိုဇွန်းနဲ့တူလာချ​ပေးတဲ့မင်ဟိုကကြားသွားဟန်ဖြင့်​မေးလာ​တော့...

"အဲ..ဟို... ဂျန်းမီရှိနဲ့ ​ရှေ့​နေကြီးလီ​ဘာလို့အခုထိလိုက်မလာ​သေးတာလဲလို့"

"လာ​နေပြီလို့​ပြောတယ်"

"ဟုတ်ကဲ့"

​ဆော့ဂျင်ရေ​တွေကိုသာတစ်ခွက်ပြီးတစ်ခွက်သောက်​နေမိသည်။ အခုအချိန်မှာရင်​တွေပူ​နေရပြီမဟုတ်လား။ ​ရေ​တွေချည်းလှိမ့်​သောက်​နေတဲ့​ဆော့ဂျင်ကိုကြည့်ပြီးမင်ဟိုက...

Born To Love You (✔)Where stories live. Discover now