Chapter 14: First Trial

1.7K 272 34
                                    

"အဆင်​ပြေရဲ့လား...ကျွန်​တော်လိုက်ပို့​ပေးရမလား"

"မလိုပါဘူး။ရှေ့​နေကတရားရုံးသွားရတာဘာဆန်းလဲ။ အရင် intern ဆင်းတုန်းကခဏခဏ​ရောက်ဖူးတယ်"

ဒီ​နေ့ပထမဆုံးတရားခွင်အ​တွေ့အကြုံမို့စိတ်လှုပ်ရှားမိ​ပေမယ့် ဒါသူလုပ်ရမယ့်အလုပ်ပဲ၊နောက်လည်းမကြာမကြာသွားရမှာပဲ လို့ သူ့စိတ်ကိုသူပြင်ဆင်ပြီးတည်ငြိမ်​အောင်​နေ​ပေမယ့် မိုးလင်းကတည်းကပြာယာခတ်​နေတဲ့​ဂျောင်ကု​ကြောင့် သူ့မှစိတ်မ​​အေးနိုင်ဖြစ်ရပြန်သည်။

"စိတ်မလှုပ်ရှားနဲ့​နော်..စိတ်​အေး​အေးထား"

"ငါ့ထက်မင်းကပိုစိတ်လှုပ်ရှား​နေသလိုပဲ။ စိတ်ငြိမ်​ဆေး​သောက်ဦးမလား"

​​ဂျောင်ကုကသူ့ရင်ဘက်သူဖိပြီး အသက်ကိုဝဝရှူလိုက်သည်။

"ဘာလို့ဒီ​လောက်​တောင်စိတ်လှုပ်ရှား​နေပါလိမ့်။ ပြိုင်ပွဲတုန်းက​တောင်ဒီ​လောက်စိတ်မလှုပ်ရှားခဲ့ဘူး"

"ငါကအစွမ်းအစရှိတဲ့​ရှေ့​နေပါ။ စိတ်ပိုင်းဖြတ်ထားရင်ပြီးဆုံးတဲ့အထိလုပ်တတ်တဲ့သူမို့ စိတ်ပူမ​နေနဲ့"

ကာယကံရှင်ဖြစ်တဲ့ကိုယ်က သူ့ကိုပြန်ပြီးအား​ပေး​နေရတဲ့အဖြစ်။ ​တော်​တော်အားကိုးရတဲ့​​ကောင်​လေးပဲလို့​ဆော့ဂျင်​တွေး​နေမိသည်။

"အခုမှပဲ မိဘ​တွေရဲ့စိတ်ကိုနားလည်​တော့တယ်"

"ဘာနားလည်တာလဲ"

"ကျွန်​တော်ငယ်ငယ်တုန်းက ​ဖေ​ဖေမကြာခဏ​ပြောဖူးတယ်။ ကျွန်​တော့်ကိုမူကြိုစပို့တဲ့​နေ့တုန်းကဆို ငါ့သား​လေးအဆင်မှ​ပြေပါ့မလား၊ သူငယ်ချင်းမှရပါ့မလား၊ ငိုများငို​နေမလားဆိုပြီးစိတ်ပူ​နေရလို့ အလုပ်​တောင်​ကောင်း​ကောင်းမလုပ်နိုင်ဘူးတဲ့။ အခုကျွန်​တော်လည်းအဲ့လိုမျိုးပဲ..ကိုယ့်က​လေးကိုပထမဆုံး​ကျောင်းပို့ရသလိုခံစား​နေရတယ်"

​"ရား! ငါက က​လေးလား"

"အင်း..ကျွန်​တော့်မျက်စိထဲမှာ​တော့ ခင်ဗျားက​စောင့်​ရှောက်မှု​တွေအများကြီးလို​အပ်နေတဲ့က​လေး​လေးပဲ"

Born To Love You (✔)Where stories live. Discover now