လမ်းမီးရောင်မှိန်မှိန်လေးသာရှိတဲ့လမ်းကြားလေးထဲမှာတစ်ယောက်တည်းလမ်းလျှောက်နေရင်း ဆော့ဂျင်တစ်ယောက်ကြောက်စိတ်တွေဝင်လာခဲ့သည်။
"ဘာဖြစ်လို့ လမ်းမီးကောင်းကောင်းမရှိတဲ့နေရာမှာမှအိမ်ငှားနေမိလဲမသိဘူး"
ဆော့ဂျင်ငြီးငြူမိရင်းခြေလှမ်းတွေကိုအရှိန်မြှင့်လိုက်သည်။ အိမ်မြန်မြန်ပြန်ရောက်ဖို့အရေးကြီးတယ်လေ။
"ကလင်..ကလင်..ကလင်"
အိတ်ထဲကနေမြည်လာတဲ့ဖုန်းသံကြောင့် အလွယ်တကူလန့်တတ်တဲ့ဆော့ဂျင်ကိုယ်လေးတွန့်ခနဲဖြစ်သွားသည်။ ဖုန်းကိုအိတ်ထဲကထုတ်ပြီးကြည့်လိုက်တော့သူမသိတဲ့နံပါတ်ဖြစ်နေသည်။ မကိုင်တော့ဘူးလို့စဥ်းစားပြီးမှတစ်ယောက်တည်းလမ်းလျှောက်နေတဲ့အချိန်တစုံတယောက်နဲ့စကားပြောလိုက်ရင်ကြောက်စိတ်တွေပြေသွားမလားဆိုတဲ့စိတ်နဲ့ဖုန်းကိုင်လိုက်သည်။
"Stop!"
ဆော့ဂျင်ရှေ့မှာပေါ်လာတဲ့ကောင်လေး ၄ ယောက်.. ကျောင်းဝတ်စုံကိုကြယ်သီးတွေဖြုတ်ဝတ်ထားပြီး ကြောင်တောင်တောင်ဆံပင်ပုံစံတွေကြောင့် အထက် တန်းကျောင်းသားလူဆိုးတစ်သိုက်မှန်းဆော့ဂျင်သိလိုက်သည်။ ကိုယ့်ထက်ငယ်တဲ့ကောင်လေးတွေမို့မကြောက်သင့်မှန်းသိပေမယ့် လေးယောက်တစ်ယောက်မို့ဆော့ဂျင်လန့်မိတာတော့အသေအချာပဲ။
"မင်း..မင်း..မင်းတို့ကဘာတွေလဲ"
ဆော့ဂျင်လက်ထဲမှာကိုင်ထားတဲ့ဖုန်းကို အိတ်ထဲထည့်ရင်းတုန်ရီနေတဲ့အသံနဲ့မေးလိုက်သည်။ သူ့ဖုန်းကဝယ်ထားတာမကြာသေးတဲ့အပြင် အရစ်ကျသွင်းရမယ့်ငွေတောင်ကျေအောင်မသွင်းရသေးတော့လုသွားမှာစိုးရိမ်မိလို့အိတ်ထဲအလျင်အမြန်ထည့်လိုက်တာပါ။
"စကားအရှည်ကြီးမပြောချင်ဘူး..ပေး"
ခေါင်းဆောင်ဖြစ်ဟန်တူတဲ့တစ်ယောက်က ပါးစပ်ထဲက lollipop ကိုထုတ်လိုက်ပြီးပြောသည်။
"ဘာ..ဘာပေးရမှာလဲ"
"တောက်!စကားအရှည်ကြီးမပြောချင်ပါဘူးဆိုမှ။ ခင်ဗျားကိုအလကားသက်သက်လမ်းပိတ်ရပ်နေတယ်လို့ထင်နေတာလား"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...