သူ့ကိုယ်သူမျက်မြင်သက်သေပါလို့ပြောလာတဲ့ကောင်လေးကိုဆော့ဂျင်သေချာကြည့်လိုက်သည်။ ဆံပင်ကိုအနီရောင်တောက်တောက်ဆိုးထားတဲ့ထိုကောင်လေးကသာမန်အထက်တန်းကျောင်းသားတစ်ယောက်တော့မဖြစ်နိုင်။ ထူးခြားသည်ကကောင်လေးရဲ့မျက်နှာအမူ အရာ...ထိုကောင်လေးရဲ့မျက်နှာ၊အကြည့်တို့ကအံ့ဩစရာကောင်းလောက်အောင်တည်ငြိမ်နေသည်။
"မျက်မြင်သက်သေဟုတ်လား"
"ဟုတ်ပါတယ်"
"နေပါဦး..မျက်မြင်သက်သေဆိုရင်အစကတည်းကဘာလို့မပြောဘဲအခုမှလာပြောရတာလဲ"
ဆော့ဂျင်ရဲ့အမေးကြောင့်ထိုကောင်လေးကအပေါ်နှုတ်ခမ်းကိုကွေးရုံလေးပြုံးသည်။
"အဲ့တုန်းကလူတွေအများကြီးဝိုင်းအုံနေတာကိုး။ ပြီးတော့ ကျွန်တော်ကဒီလိုကိစ္စတွေမှာဝင်ပါလို့မဖြစ်တဲ့သူတစ်ယောက်"
"ဝင်ပါလို့မဖြစ်တဲ့သူ ဟုတ်လား?"
"အဟက်! ရယ်ရတယ်။ တောင်ကိုရီးယားမှာ ကျွန်တော့်ကိုမသိတဲ့သူရှိနေသေးတာပဲ။ မဟုတ်မှလွဲရော ခင်ဗျားက မြောက်ကိုရီးယားကစပိုင်လား"
ကောင်လေးရဲ့စကားကြောင့်စိတ်ဆိုးမိပေမယ့် ဘာမှပြောမနေတော့ပဲဘေးကဂျောင်ကုကိုအကူအညီတောင်းတဲ့အကြည့်နဲ့ကြည့်လိုက်တော့..
"သူက အခုတလောအရမ်းနာမည်ကြီးနေတဲ့ idolအဖွဲ့ Hero ရဲ့ခေါင်းဆောင် Sky တဲ့"
ဂျောင်ကုကအလိုက်တသိဝင်ရှင်းပြမှ ဆော့ဂျင်ဇာတ်ရည်လည်တော့သည်။ တလက်စတည်းအဲ့ဒါကြောင့်သူ့ပုံစံကအများနဲ့မတူဘဲတစ်မူထူးနေတာကိုးလို့ ဆော့ဂျင်ကောက်ချက်ချမိသည်။
"ဆောရီး..ငါ tv မကြည့်ဖြစ်လို့"
"ရပါတယ်.. အခုသိသွားပြီမှတ်လား"
"အဲ့ဒါဆိုအမှုကိစ္စဆက်ပြောရအောင်..အဲ့ဒီ့နေ့ကမင်းဘာမြင်ခဲ့လဲ"
"PE အချိန်မတိုင်ခင်က ကျွန်တော်နေသိပ်မကောင်းတာနဲ့ ဒီအထပ်ကကျောင်းဆေးခန်းမှာအနားယူနေခဲ့တယ်။ နည်းနည်းသက်သာလာလို့ ဆေးခန်းထဲကထွက်လာတဲ့အချိန်မှာ လှေကားထိပ်မှာရပ်နေတဲ့ အွန်းချယ်ရီကိုတွေ့လိုက်တယ်။ သိပ်မကြာခင်မှာဘဲ အွန်းချယ်ရီ လှေကားပေါ်ကနေခုန်ချသွားတာတွေ့လိုက်တယ်"
YOU ARE READING
Born To Love You (✔)
Fanfic(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...