"ကျွန်တော့်အပေါ်မှာ ဘာခံစားချက်မှမရှိဘူးလား"
"မရှိဘူး"
အရောင်လဲ့နေတဲ့ဆော့ဂျင်ရဲ့မျက်ဝန်းလေးတွေထဲမှာသူ့အပေါ်ခံစားချက်တစုံတရာရှိနေတယ်ဆိုတာသူမြင်နေရလို့ မျှော်လင့်ချက်ရှိမလားဆိုပြီးအရဲစွန့်ပြီးမေးကြည့်ပေမယ့် ဆော့ဂျင်ဆီကသူမျှော်လင့်ထားတဲ့အဖြေကိုမရခဲ့ပါ။ ဒါပေမယ့် အဲ့ဒီ့အဖြေကိုသူလက်မခံချင်ပါ။ ပါးစပ်ကသာညာချင်ညာလို့ရပေမယ့် မျက်ဝန်းတွေကတော့ မညာတတ်ဘူးမဟုတ်လား။
"အဲ့ဒါလိမ်တာ"
ဆော့ဂျင်မျက်နှာပျက်သွားပေမယ့် ချက်ချင်းပြန်ထိန်းလိုက်ပြီး...
"ရယ်ရတယ်...ငါကမင်းကိုဘာလို့လိမ်ရမှာလဲ"
မလိမ်ဘူးဆိုတဲ့လူကဘာလို့သူ့မျက်လုံးတွေကိုတည့်တည့်မကြည့်ရဲတာလဲ။ သူ့အကြည့်တွေကိုရှောင်နေတဲ့ဆော့ဂျင်ကြောင့် သူ့ရဲ့ယုံကြည်ချက်တွေပိုမိုခိုင်မာသွားခဲ့ရပြီ။ ဘာလို့များဝန်မခံချင်ရတာလဲ...
"အဲ့ဒါဆိုဘာလို့ကျွန်တော်အဖမ်းခံရတယ်လို့သတင်း ကြားကြားချင်း ကျွန်တော့်ဆီကိုဘာလို့အပြေးလာတာလဲ...ကျွန်တော့်ဘက်ကဘာလို့ လိုက်ပြောပေးတာလဲ"
"ငါနဲ့တစ်အိမ်တည်းနေဖူးတဲ့သူမို့လို့ ဝတ္တရားအရကူညီပေးရုံသက်သက်ပဲ..အဲ့ဒီ့ထက်မပိုဘူး"
"တကယ်လား...တကယ်ပဲဝတ္တရားအရလား"
"ဟုတ်တယ်"
သူ့ရဲ့မျက်လုံးတွေကိုစူးစိုက်ကြည့်နေတဲ့ဂျောင်ကုရဲ့အကြည့်ဒဏ်တွေကိုခံနိုင်ရည်မရှိတော့ပါ။သူဒီထက်ပိုပြီးဟန်ဆောင်မကောင်းနိုင်တော့လို့ သူ့အိတ်ထဲကဖုန်းကိုထုတ်ပြီး စိတ်ကူးထဲမှာပေါ်လာတဲ့တစုံတယောက်ကိုဖုန်းဆက်လိုက်တယ်။
"ဟဲလို...နမ်ဂျွန်းရှီ"
နမ်ဂျွန်းရဲ့နာမည်ကိုကြားလိုက်တာနဲ့ဂျောင်ကုရဲ့မျက်နှာ သိသိသာသာပျက်ယွင်းသွားတာကိုသူသတိထားမိပါသည်။ မတတ်နိုင်ဘူး..သူ့မှာဒီနည်းလမ်းကလွဲရင်တခြားသုံးစရာမရှိတော့ဘူး။
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...