"ဟင်! အဲ့ဒါဘာတွေလဲ"
အိပ်ရာနိုးနိုးချင်း kitchen counter ပေါ်မှာပွစာကျဲနေတာကိုမြင်လိုက်ရလို့ ဆော့ဂျင်အံ့ဩတကြီးမေးလိုက်ခြင်းဖြစ်သည်။ အလုပ်တွေရှုပ်နေတဲ့ဂျောင်ကုကဆော့ဂျင်ကိုတွေ့တော့ ပြုံးပြပြီး...
"နိုးပြီလား...ဒါတွေအကုန်ရှင်းပြီးမှလာနှိုးမလို့"
"ဘာတွေလုပ်နေတာလဲ"
"ဒီနေ့လျှောက်လည်ကြမယ်ဆို..အဲ့ဒါကြောင့် lunch box ပြင်နေတာ"
"ဝါး! အများကြီးပါလား"
သူ့ပခုံးပေါ်ကိုမေးတင်လာတဲ့သူ့ရဲ့ချွဲစိန်လေးကိုချစ်စနိုးကြည့်လိုက်ပြီး ဘေးတိုက်မြင်နေရတဲ့ပါးဖောင်းဖောင်းလေးကိုသူ့နှာခေါင်းလေးနဲ့ငုံ့နမ်းတော့ ချွဲစိန်လေးကမျက်လုံးလေးတွေမှိတ်ကျသွားသည်အထိကြည်ကြည်နူးနူးပြုံးသည်။
ကင်ဆော့ဂျင်ဆိုတဲ့သူ့ရဲ့ချစ်သူလေးကအသက်၁၅နှစ်အရွယ်ကတည်းကတစ်ယောက်တည်းရှင်သန်ခဲ့ရလို့သူ့ကိုယ်သူစိတ်ဓါတ်မာကျောတဲ့သူတစ်ယောက်အဖြစ်ခံယူထားပေမယ့်တကယ်တမ်းတော့တစ်ယောက်ယောက်ဆီကအခုလိုမျိုးဂရုစိုက်မှုတွေလိုအပ်နေမှန်းသူအသိဆုံးပေါ့။
အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးပြီးအနားမှာနေပေးတဲ့သူ့ကိုတွယ်တာပြီးချစ်ခင်စိတ်ဖြစ်နေတာကိုသူမသိပဲနေမလား။ ဆော့ဂျင်ခဏခဏပြောဖူးသလိုသူတို့နှစ်ယောက်ကဘဝတူတွေဆိုပေမယ့်သူကတော့ သူ့ဦးလေးမိသားစုရဲ့မေတ္တာရိပ်အောက်မှာကောင်းကောင်းကြီးပြင်းခဲ့ရသေးတယ်လေ။ အဲ့ဒါကြောင့်သူကအငယ်ဆိုပေမယ့်ဆော့ဂျင်အပေါ်ကိုမေတ္တာတွေအပြည့်အဝပေးပြီးပိုချစ်ပေးဖို့ဆုံးဖြတ်ထားတာပေါ့။
"နှိုးလိုက်တာမဟုတ်ဘူး...တစ်ယောက်တည်းပြင်ဆင်ရတော့ပင်ပန်းမှာပေါ့"
"Surprise ဖြစ်စေချင်လို့တိတ်တိတ်လေးပြင်ဆင်နေတာပေါ့။ ဒါတွေအကုန်သိမ်းဆည်းပြီးမှလာနှိုးမလို့ဟာကို..ဘာလို့ဒီနေ့မှအစောကြီးနိုးလာရတာလဲ"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...