နမ်ဂျွန်းကားမောင်းလာရင်းနောက်ကြည့်မှန်ကနေတ
ဆင့်ငြိမ်သက်စွာလိုက်ပါလာတဲ့လူနှစ်ယောက်ကိုအကဲခတ်နေမိသည်။ ဆော့ဂျင်ကတော့အပြင်ဘက်ကိုငေးကြည့်နေပြီး ဂျွန်ဂျောင်ကုဆိုတဲ့ကောင်လေးကတော့ ဆော့ဂျင်ရဲ့မျက်နှာလေးကိုပဲအရိပ်တကြည့်ကြည့်နဲ့ငေးနေသည်။သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကဘယ်လိုအတိုင်းအတာထိရှိလဲမသိပေမယ့် ဒီနေ့ဖြစ်ရပ်ကြောင့် ဂျွန်ဂျောင်ကုဆိုတဲ့ကောင်လေးကဆော့ဂျင်ရဲ့ရင်ထဲမှာနေရာယူထားပြီးသားဖြစ်နေပြီဆိုတာကိုသူသိလိုက်ရသည်။ ဒီညနေလည်း ဒီကောင်လေးကြောင့် သူနဲ့ဆော့ဂျင်နဲ့ထမင်းလက်စုံစားဖြစ်မယ်မထင်။ တိတ်ဆိတ်နေတဲ့အနေအထားကိုမကြိုက်တာကြောင့် နမ်ဂျွန်းကပဲ ငြိမ်သက်နေတဲ့အနေအထားကို စတင်ဖြိုခွင်းလိုက်သည်။
"ဆော့ဂျင်... အခြေအနေဘယ်လိုရှိလဲ"
နမ်ဂျွန်းအသံကြားမှအပြင်ကိုငေးကြည့်နေတဲ့ဆော့ဂျင်ကသတိဝင်လာဟန်ဖြင့် အရှေ့ကိုလှည့်လာပြီး နမ်ဂျွန်းရဲ့အမေးကိုဖြေသည်။
"အခုလောလောဆယ်တော့ အဆင်ပြေတယ်လို့ပဲပြောရမှာပေါ့။ သူတို့ရှာတွေ့တဲ့ နားရွက်ပြတ်နဲ့လက်ညှိုးကိုမှုခင်းဆရာဝန်တွေစစ်ဆေးပြီးမှ လူသတ်မှုဟုတ်မဟုတ်သေချာသိရမှာပဲ"
"တော်သေးတာပေါ့"
ဒုတိယအကြိမ်တိတ်ဆိတ်သွားပြန်သည်။ နမ်ဂျွန်းလည်းဘာဆက်ပြောရမှန်းမသိတာနဲ့ကားကိုသာဂရုတစိုက်မောင်းနေတော့သည်။
"ရောက်ပြီ ဆော့ဂျင်"
"ကျေးဇူးပဲနော် နမ်ဂျွန်းရှီ"
"ရပါတယ်"
နမ်ဂျွန်းကဆော့ဂျင်ဘေးမှငြိမ်ပြီးလိုက်လာတဲ့ကောင်လေးကို လှည့်ကြည့်လိုက်ပြီး...
"မင်းရော... ဘယ်ကိုပို့ပေးရမလဲ"
"ကျွန်တော်လည်း ဒီမှာပဲဆင်းလိုက်မယ်"
"ပြီးရောလေ"
ဆော့ဂျင် နဲ့ကောင်လေး ကားပေါ်ကဆင်းတော့နမ်ဂျွန်း ပါကားပေါ်ကဆင်းပြီးဆော့ဂျင်အနားမှာရပ်လိုက်တော့ဆော့ဂျင်ကသူ့ကိုအားနာတဲ့အကြည့်နဲ့ကြည့်ပြီးကျေးဇူးတင်စကားပြောပြန်သည်။
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...