Chapter 1

2.2K 81 4
                                    

အခန်း(၁)
သောက်ကျိုးနည်း ဘဲကြီး!

ဂျောင်းဂုဟာ rear seat(ကားနောက်ထိုင်ခုံ)မှာ
ခပ်လျော့လျော့မှီထိုင်ထားသည်။သူ၏ ပုံစံဟာ အရိုးမရှိ
တဲ့သတ္တဝါလိုပဲ။သူဟာ အတွေးတွေ မများအောင် သူ၏
black jacket ထဲက စုပ်လုံးတစ်ခုကို ထုတ်လိုက်
တော့သည်။

ထို့နောက်မှာ plastic ကိုခွာလိုက်ပြီး ထိုplasticကို
သူဟာ ဆက်မကိုင်ထားချင်တာကြောင့် အခွံကိုင်ထား
လို့ ထိနေသည့်လက်ညှိုးနှင့်လက်မကို ခွာလိုက်တယ်။

တစ်ဆက်တည်းမှာပဲ သူဟာ စုပ်လုံးကို သူ၏ပါးစပ်ချောချော
ထဲကို ဝင်စေလိုက်တော့သည်။

စုပ်လုံး၏ ချိုသော၊ အနည်းငယ်ချဉ်သော၊ ချိုအီသော
အရသာပေါင်းစုံကြောင့် သူ၏အတွေးများခြင်းတွေဟာ
ပျောက်သွားသည် ထင်ပါသည်။

သို့သော်!.. သူ၏ဘေးက ဖြတ်သွားသော Alfa Romeo 4C Spider Italia ကားပြာရောင်ကလေးမှာ သူ၏
မျက်ဝန်းချောချောတို့ဟာ ကပ်ပါသွားခိုက်တော့ သူ၏
ဒေါသတွေဟာ ပူပူပြင်းပြင်းပဲ ဆူဝေလာတော့သည်!

Fu*k ... Fu*k ... Fu*k !!

သူဟာ တစ်စက္ကန့်ကို အခါခြောက်ဆယ်လောက် fu*kကို
ဆဲရေးပြီးချိန်မှာ သူဟာ အမောမဖြေအားသေးပါ။သူ၏ မပြေလျော့သေးသည့်ဒေါသတွေကြောင့် သူ၏ပါးစပ်ချောချော
ထဲက စုပ်လုံးကို သူဟာ အကြမ်းတဖျင်း စုပ်ယူနေမိတော့
သည်။

ပါးစပ်ချောချောထဲကစုပ်လုံးကလေး : ငါလေးက ဘာအပြစ်
ရှိလို့လဲ ဂျွန်ဂျောင်းဂုရဲ့!

သူဟာ သူ၏ ပူပြင်းလှသည့်ဆူဝေမှုတွေကို ထပ်မံပြီး rear seat တွေပေါ်ကို ပုံချလိုက်တော့သည်။

ဘုန်း! ဘုန်း! ဘုန်း!

" အာ့! "

မဟားတရား၊ ပိုးစိုးပက်စက်၊ အလွန့်အလွန်ကိုမာနေသည့်
rear seatကြီးက သူ၏လက်ချောချောကို အနည်းငယ်
နာကျင်သွားစေသည်။ထို့ကြောင့် သူဟာ ကျန်တစ်ဖက်နဲ့ ထိုမဟားတရားကြီးကို ခပ်ကြမ်းကြမ်းတစ်ချက်ရိုက်ပြီး
" သောက်ချောကြီးကို နာအောင်လုပ်လို့ "ဟု တိုးတိုး
တိတ်တိတ်ကလေး ပြောလိုက်သည်။သူ့မှာ အကျယ်ကြီး
လည်းမပြောရဲပါ။ရှေ့ခန်းက သကောင့်သားနှစ်ယောက်က သူ့ကို အသေအချာကို ဟားတိုက်လိမ့်မည်လေ။

「 CANDY 」Where stories live. Discover now