Chapter 5

412 30 8
                                    

အခန်း(၅)
ယ်လိုတောင် သောက်ကျိုးနည်းကြီးလဲ!!!!

မနေ့ညက အိပ်ရေးပျက်ထားတာကြောင့် ဆရာဂျန်းtime
မှာ သူအိပ်ဖို့စဉ်းစားထားတယ်။အိမ်က ပထွေးက စီးပွားရေး
ရှင်မို့သာ စီးပွားရေးယူလိုက်တာ ... တစ်လုံးမှကို
မသိတာရယ်ပါ ... ကျန်တဲ့ဘာသာတွေလည်း ဟိုမရ ၊
သည်မသိ ပေါ့! ... Art timeပဲ သူနဲ့အဆင်ပြေတာ ...

အတန်းဝမှာ ဆရာဂျန်းက ရပ်လိုက်တော့ အတန်းထဲက
နှာဘူးမကလေးတွေသည် တအူးအူးးး တအားအားးး
ဖြစ်ကုန်ကြတယ်။နားကိုညီးလိုက်တာ! ... ဆရာဂျန်းက သူ့မျက်မှန်ကလေးကို တစ်ချက်ပင့်တင်ပြီး ဝင်လာတယ်။
တည်ငြိမ်နေတဲ့အသံအက်အက်ကလေးက စာအကြောင်း
တွေပြောနေတယ်။ခုံပေါ်ခေါင်းကလေးတင်လို့ ဂျောင်းဂု
ကတော့ ခိုးအိပ်ဖို့ပြင်တယ်။

သူ့ကို ကြည့်သွားတဲ့မျက်ဝန်းတွေကိုတာ့ ဂျောင်းဂု
မတွေ့လိုက်ပါ ...

____

အိပ်ကောင်းကောင်းနဲ့ သူဟာ break timeမှ နိုးလာ
တော့တယ်။နောက်ဆို ကျောင်းမှာပဲ အိပ်တော့မယ်!

သကောင့်သားတွေနဲ့ canteenသွားဖို့ပြင်တော့ ...

" ဂျွန်ဂျောင်းဂု "

သူ့နာမည်ခေါ်လို့ လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်
ယောက် ... ခန္ဓာကိုယ်က နည်းနည်းတုန်နေသလိုပဲ!
အော.. သူလည်း ဘာမှမလုပ်ရသေးဘဲနဲ့ ခက်ပြီ! ဂျွန်ဂျောင်းဂုဆိုတာနဲ့ လူတွေရှိန်ရပါတယ်လေ ...

" ဆရာဂျန်းက ခဏလာခဲ့ပါအုံးတဲ့ "

ပြောပြီးတာနဲ့ တစ်ချိုးတည်းပြေးသွားတဲ့လူကို ဂရုမစိုက်
နိုင်တော့ဘူး။ဆရာဂျန်းက ဘာလို့ခေါ်တာပါလိမ့်?

သူ့မှာ canteenမသွားနိုင်တော့ပဲ ထိုဆရာဆီကို
သွားရတယ်။ဘာလို့ သူ့ပဲလဲ! ဟိုခွေးကောင်တွေလည်း
ကုလားသေ ကုလားမော အိပ်တာကို!

တံခါးအသာခေါက်တော့ အသာပြေပြေကလေးနဲ့ 'ဝင်ခဲ့ပါ'
လို့ပြောတယ်။

သူလည်း ဝင်လိုက်တော့ စာရွက်ပေါ်က မျက်ဝန်းတွေက
သူ့ဆီရောက်လာတယ်။ပြီးတော့ မျက်မှန်ကလေးကို
အသာပင့်တင်တယ်။ဆရာဂျန်းက ချောပါသည်။
သူတော့ မမှီဘူးပေါ့!

「 CANDY 」Where stories live. Discover now