Chapter 25 [ final ]

1.4K 80 13
                                    

အခန်း (၂၅)
[ Candy : 2 ]

ပူနွေးသည့် အခန်းတွင်း၏ လေထုထဲသို့ တိုးသဲ့စွာ ဝင်ရောက်
လာသည့် ဆောင်း၏ အေးစိမ့်စိမ့် လေပြည်နုက အထပ်ထပ်
ဝတ်ဆင်ထားပါသော အင်္ကျီထူတွေကြားက ခန္ဓာကိုယ်အား
လာထိရောက်သောအခါမှာ ဂျောင်းဂုသည် အေးချမ်းသွားရ
တော့သည်။

မှေးစက်နေပါသော သူ့မျက်ဝန်းတွေက အနည်းငယ်ပွင့်
လာသည်။သူ့ဘေးဘက်ကို မျက်ဝန်းတွေ လှည့်မိတော့
ထိုအကောင်တွေသည်လည်း သူနှင့် မခြားနား, မသာ ၊
အသုဘ ပါပဲ။

အတန်းသည် နောက်ဆုံးအတန်းချိန်ဖြစ်သည်။ဂျောင်းဂုသည်
ခန္ဓာကိုယ်အား ပိုပြီးလုံခြုံ ၊ နွေးထွေးသွားအောင် ထူထဲသည့်
အနွေးထည်ကြီးအား သေသေချာချာ ပြင်ဝတ်လိုက်တယ်။
.

အပြင်ဘက်က အခြေအနေသည် မှိုင်းညို့လာသော
ကောင်းကင်ပြာပြာနှင့် အပြိုင် လမ်းမီးတိုင်တို့သည်
အလင်းရောင်ဖျဖျ ပေးလျက်ရှိသည်။

တံခါးပေါက်ကြားက တိုးဝင်လာသော ဆောင်းလေပြည်အေး
ကြောင့် ဂျောင်းဂုသည် အနည်းငယ် တုန်သွားသည်။

" ဟင့်!  ဟင့်! "

လေအေးတို့၏ တိုက်ခိုက်မှုကြောင့် ဂျောင်းဂုသည် အနည်းငယ် ချမ်းအေးလာရပြီး နှာ တရှုပ်ရှုပ်လုပ်လိုက်တယ်။
သူ့နှာခေါင်းလုံး အပြင် သူ့မျက်နှာတွေပါ နီမြန်း နေလောက်
ပြီ။

ဂျောင်းဂု၏ ကွန်ဒိုသို့ အမြန်ရောက်ချင်စိတ်က မြင့်တက်လာ
လေသည်။တစ်ဆက်တည်းပင် ဂျောင်းဂုက နှာရှုပ်မိတယ်။
သူ အောင့်အီးကာ စောင့်ခဲ့ရသည့် နောက်ဆုံးအတန်းချိန်
ပြီးချိန်မှာ ဂင်ထယ်ဟျောင်း၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိ
ခဲ့တယ်။ဆောင်းလေပြည်တစ်ချက် တိုးဝေ့သွားပြီး ဖုန်းဆီမှ
နွေးထွေးပေမယ့် နွမ်းနယ်နေသည့် အသံလျလျကို ကြားရ
တယ်။

" ကိုယ် လာမကြိုဖြစ်ဘူး ။ အချစ် အဆင်ပြေရဲ့လား "

မျက်တောင်တစ်ချက် အခတ်၊ နှုတ်ခမ်းလွှာ ဖွင့်ဟချိန်မှာ
အေးချမ်းမှုကြောင့် အငွေ့တွေ ထွတ်တယ်။နောက်တစ်ချက်
မျက်တောင်တခတ်မှာ ဂျောင်းဂုသည် ချိုရှ ၊ ညင်သာစွာ
တစ်ဖက်က ဂင်ထယ်ဟျောင်းကို ပြန်ပြောတယ်။

「 CANDY 」Where stories live. Discover now