Chapter 13 (Z+U)

635 66 26
                                    

အခန်း(၁၃)
အနမ်း

ရေခဲတုံးလို ဂျန်းဂျဲဟိုနဲ့ အတူသွားရတာ ဂျောင်းဂုအဖို့တော့
သေချင်ဆော်နံသည်။ထို့အပြင် ထိုလူသည် သူ၏ဆရာ
လေမလား !

ဘယ်ယူရှီဆိုသူကို တွေ့တော့ ဂျောင်းဂုမှာ အတော်လေး
ပျော်သွားရသည်။သူသည် elevator စောင့်နေတဲ့
ဘယ်ယူရှီဆီကို ပြေးသွားလိုက်လေသည်။

" ယူရှီ ! "

သူ၏ ချိုမြကာရင်းနှီးကျွမ်းဝင်ဟန်ပေါ်သည့်အသံကြောင့်
ဘယ်ယူရှီမျက်နှာက ပြူးကြောင်ကြား။ဂျောင်းဂုက  မျက်ကွယ်ပြုလိုက်ပြီး ဘယ်ယူရှီပုခုံးကို ငယ်ပေါင်းကြီးဖော်
တွေလို အားပါပါဖက်ကာ ပွင့်လာတဲ့တံခါးချက်ကြောင့် ဝင်လိုက်တော့သည်။

ဂျန်းဂျဲဟိုကတော့ သူတို့ကို ရပ်ကာကြည့်နေသည်။ရေခဲလို
မျက်နှာမှာလည်း အရောင်တချို့က ယှက်ပြေးနေတယ်။
အဲ့ဂျန်းဂျဲဟိုဆိုတဲ့ဆရာနဲ့ ဂျောင်းဂုက သိပ်အစေးကပ်ပုံ
မပေါ် !

၁၀လွှာလောက်ဖြတ်ကျော်အပြီးမှာ elevatorက ထပ်မံ ပွင့်လာခဲ့သည်။ဘဲကြီးကို တွေ့ချင်စိတ်တွေကထိန်းမရတော့
သည်မို့ ဂျောင်းဂု လမ်းကို မြန်မြန်လျှောက်သည်။မစီးဖူးတာ

တွေတောင် ခင်ဗျားကြောင့်စီးခဲ့ပြီးပြီ။ခင်ဗျားကို ကျွန်တော်
တွေ့ဖို့ ဒီထက်ပိုပြီးမစောင့်နိုင်တော့ဘူး !

ဘဲကြီးအလုပ်ခန်းရှေ့ရောက်တော့ တံခါးကိုတွန်းလိုက်
တယ်။ဘဲကြီးနဲ့နှင်းဆီမမရဲ့မြင်ကွင်းကကြိုဆိုလို့နေပြန်
တယ်။

ဂျောင်းဂု သူ့မျက်လုံးဝိုင်းဝိုင်းတွေကို ကျုံ့ပစ်လိုက်သည်။

" ထယ်ဟျောင်း ! "

ဂျန်းဂျဲဟိုခေါ်မှပဲ ဘဲကြီးက သူရောက်နေမှန်းသိသည်။ဘယ်လောက်တောင် ပလူးနေလို့လဲ !

" အတန်းလစ်လာတာပေါ့ "

"ဘာလဲ ? ပလူးပလဲမြင်ကွင်းလေးကို တွေ့သွားလို့လား ?"

「 CANDY 」Where stories live. Discover now