Chapter 2(U)

1K 96 18
                                    

အခန်း(၂)
သူ လုံးဝလက်မခံနိုင်ဘူး!

ဂျွန်ဂျောင်းဂုဟာ သူ့ရဲ့အိမ်ဆီကို လျှောက်နေရင်းနဲ့
သူ၏ဦးနှောက်ကို အလုပ်ပေးနေခဲ့သည်။သူဟာ သူ့ရဲ့
သုံးစားလို့မရတော့တဲ့အစိမ်းရောင်ကားလေးကို လဲပေးဖို့ရာ
အတွက် သူ၏ဖခင်ကို ဘယ်လိုများပြောသင့်သလဲဆိုတာ ကိုပေါ့။သူသည် စဉ်းစားရတာများလွန်းလို့ သူ၏ဦးခေါင်းဟာ မီးများတောက်လာမလားကိုတောင် စိုးရွံ့နေရပါသည်။

" ပြန်လာသေးသားပဲ ကောင်စုတ်ကလေး! "

သူ၏ဖခင်သည် ဖတ်နေတဲ့သတင်းစာကို အသာကျပြီး
သူ့ကိုပြောလာပါသည်။သူဟာ အရင်အတိုင်းဆို
" ပြန်လာရမှာပေါ့ မစ္စတာဂျွန်ရဲ့ " လို့ပြန်ဖြေလိမ့်မည်
ဆိုပေမယ့် ကားအသစ်လဲချင်တာမို့ ဂျောင်းဂုဟာ သူ့ရဲ့
ချောမောလွန်းတဲ့မျက်နှာလေးကို ချစ်စရာကောင်းအောင်
မရမက လုပ်လိုက်ပြီး သူ၏အသံကလေးကိုလည်း
ချိုသာလိုက်လေတော့သည်။

" ဖေဖေဂျွန် "

ဖေဖေဂျွန် : " ! "

သူသည် သူ့ရဲ့ " ဖေဖေဂျွန် "ဆိုတဲ့အသံကြီးကို ပြန်ကြား
လိုက်ရတဲ့အခါမှာ ချွဲကပ်ချင်သလိုလိုဖြစ်လာရတော့သည်။ငလူးထဲမှ!

" ဟဲ.. ဖေဖေဂျွန် "

" ကောင်စုတ်လေး.. ငါ့ကို ပူဆာမလို့ဆိုမရဘူးနော်! "

" ဖေဖေဂျွန်ကလည်း "

သူဟာ ချွဲကပ်နေတဲ့အသံကြီးနှင့်ပဲ ပြောလိုက်တယ်။
ပြီးတော့ သူ့ရဲ့မျက်ဝန်းကလေးတွေကို မှိတ်လိုက် ၊ ဖွင့်လိုက်လုပ်ပြီး မျက်နှာချောချောကိုလည်း
ငယ်ထားလိုက်တော့သည်။

သူ ဒီလောက်ချောတာ သေချာပေါက် လိုက်ရောမှာ!

" ဆက်မပြောနဲ့တော့! ငါ ချွဲကျပ်တော့မယ်! "

" ဖေဖေဂျွန်! "

" သွားအိပ်တော့.. မမြင်ချင်တော့ဘူး ငါ ဆီးချိုတက်တော့
မယ်နဲ့တူတယ် "

「 CANDY 」Where stories live. Discover now