Chapter 16

638 75 39
                                    

အခန်း (၁၆)
[ ပျော်ရွှင်စရာမွေးနေ့၏ နွေးထွေးတဲ့ညယံ ]


[ This part may contain mature content. Read at your own risk. ]

ဘဲကြီးနှင့် ဂျောင်းဂုကြားက အစိုင်အခဲလေးက အချိန်ကြာ
လာသည်နှင့်အမျှ ပျောက်ကွယ်မသွားချေ။ဘဲကြီးက သူ
ငြင်းလိုက်သည့်နေ့မှစပြီး တအားဖြတ်ရိုက်ချင်စရာကောင်း
အောင်ဆိုးပါသည်။အလုပ်တွေ အကြောင်းပြပြီး ရှောင်ဖယ်
တယ်။မျက်နှာတည်တည်ကြီးတွေနဲ့ လူကို အေးစက်စက်
ပြုမူတယ်။ဘဲကြီး! ခင်ဗျားကို လက်ခလယ်ပဲ!

" ဒုန်း...! "

" Sorry .. "

အတွင်း ဒေါသမီးတောက်တွေက အပြင်သို့ပါ လျှံကျသွား
သည်တူပါရဲ့။ဂျောင်းဂုက စားပွဲကို လက်နဲ့ထု ပစ်မိလိုက်
သည်။မျက်လုံးရှစ်လုံးက သူ့ဆီကို တန်းခနဲ ရောက်
လာတယ်။ဂျောင်းဂု "sorry" လို့ပြောလိုက်ပြီး သူ့ဒေါသ
တွေကို ပြန်မြိုချလိုက်ရသည်။

" တောင်းပန်ပါတယ်.. ကိုယ်နောက်ကျသွားတယ် "

အမှန်က သူတို့ ဘန်ဘန့်စားသောက်ဆိုင်မှာရောက်နေတာ
ဖြစ်သည်။အွန်နူက သူတို့အား လူတစ်ယောက်နဲ့ မိတ်ဆက်
ပေးချင်တယ်လို့ပြောလာလေသည်။ဒီလိုနဲ့ ဘန်ဘန့်ဆိုင်မှာ
မိတ်ဆက်ပေးရေးဖြစ်သွားတယ်ပေါ့။

သူတို့ဝိုင်းမှာ လာရပ်ပြီးပြောလာသည့်လူ။ထိုလူက black
& white suit နှင့်အတော်ကို ကြည့်ကောင်းနေသည်။
မျက်နှာထက်မှာလည်း အပြုံးနုနုကိုချိတ်ဆွဲထားလေသည်။
ချောသားပဲ.. အိမ်က သောက်ဘိုးတော်ကိုတော့ ဘယ်မှီ
ပါ့မလဲ!

ဂျောင်းဂု အတန်ကြာလောက်ထိုလူ့ကို အကဲခတ်နေမိ
သည်။ထိုလူက လွတ်နေသည့်အွန်နူဘေးနားကို ဝတ်ထိုင်
လိုက်တာဖြစ်သည်။

" ဒါက ငါ့ရည်းစား! "

အွန်နူ၏ရည်းစားကို မိတ်ဆက်ပေးပုံက သူ့ပုံစံအတိုင်း
တပြေးတည်း။ဂျောင်းဂုမှာ တကယ်အံ့ဩလွန်းလို့
သူ၏အစကတည်းက ဝိုင်းစက်နေတဲ့မျက်ဝန်းတို့က
ပြူးကျယ်သွားရသည်။ပါးစပ်ကလေးတောင် အနည်းငယ်
ဟမိသေးသည်။ကျန်တဲ့လူတွေလည်း ဂျောင်းဂုလိုပင် ဖြစ်
သည်။

「 CANDY 」Where stories live. Discover now