Chapter 10(U)

570 53 2
                                    

အခန်း(၁၀)
ယီးကို 30 !!!


" ကျောင်းဆင်းရင် ကိုယ်လာကြိုမှာနော် ... အတန်းတွေ
ဘာတွေ လစ်မနေနဲ့ "

" ချီးမို့ ခင်ဗျားစကားနားထောင်ရမှာလား ! "

'ဘုတ် ..'

ဂျောင်းဂုတို့က ထုံးစံအတိုင်းအကန်သာပြောပြီး ကားပေါ်က
ဆင်းတယ်။ကောင်းကောင်းတော့ ဘယ်ဆင်းလိမ့်မလဲ။
တံခါးကြီးကို အကြမ်းမတမ်း၊ အားကြီးနဲ့ ပစ်လွှဲပြီး ပိတ်ပစ်တာ။စောင်ကားကောင်းကြီးဆိုတော့ အသံက
'ဘုတ်' ဆိုပြီးသာသာယာယာလေး ထွက်လာတယ်။

ကျောပိုးအိတ်ကြီးကို တစောင်းလွယ်ထားပြီး ခြေလှမ်းတွေ
ကလည်း ကဂျိုးကဂျောင်။သောက်ချောကြီးက စိတ်ကြည်နေ
တာမဟုတ်ပါ !

အတန်းထဲရောက်တော့ ခွေးကောင်တွေက မရောက်သေး။
ထိုင်နေကျ နောက်ဆုံးတန်းဆီသာ သွားလိုက်တယ်။လွယ်အိတ်ကြီးပေးချပြီး ဘဲကြီးက သူ့အတွက် သီးသန့်ထုတ်ပေးထားတဲ့စုပ်လုံးဖန်ပုလင်းပုကို ထုတ်လိုက်
သည်။

ပျင်းတော့ ပါးစပ်ကို အလုပ်ပေးသင့်တယ်မလား ?

စုပ်လုံးကိုဖုံးထားသည့်အလွှာလေးက ထူးထူးခြားခြား
အဝါနုရောင်လေး။သူ မမြင်ဖူးတာတော့အမှန် !

စာက စုပ်လုံးမှာကပ်ထားပြန်သည်။ဒီဘဲကြီးက စုပ်လုံးတိုင်း
မှာ ကပ်ထားတာဗျ။တော်တော်လေး အားယားနေတယ်
ထင်တယ် !

- ကိုယ့်ခွေးပေါက်ကလေးက နို့ငတ်နေတယ်နဲ့တူပါတယ်。
ဌက်ပျောသီးနို့ သောက်သောက်နေတော့。ဒါနဲ့ပဲ ဒီကိုကိုက
သတိရပြီး ဌက်ပျောသီးနို့စုပ်လုံးထုတ်လိုက်တယ်လေ。
စိတ်မဆိုးရဘူးနော် ခွေးပေါက်ကလေး。ဒီကိုကိုက သီးသန့်ထုတ်ပေးတာ ဆိုပြီးပျော်နေရမှာ。ကိုကိုက ခွေးပေါက်ကလေးကို ချစ်တယ် ♡ -

Fu*kk ! ဒီစာက ယီးးလိုစာလဲ ! ဒီဘဲကြီးက သူ့ကို နို့မပြတ်သေးဘူးလို့ ပြောလိုက်တာလား ? မင်းတို့ပြောစမ်းပါ !

「 CANDY 」Where stories live. Discover now