အခန်း(၃)
ခွေးကျိုး-ိုးတဲ့ကံကြမ္မာပဲ!ဂျောင်းဂုဟာ သူ့အိပ်ခန်းဆီရောက်သည့်အခါမှာ အထဲကို
ဝင်လိုက်ပြီး ဂျက်ပါချလိုက်သည်။သူ၏ စိတ်ခံစားချက်တွေ
ကို အမျိုးမည်တောင် တပ်လို့မရနိုင်ပါ။သူ၏ အတွေးတွေ
ဟာ ရှုပ်ထွေးနေကာ သူ၏ဦးနှောက်ဟာတော့ ဗလာကျင်း
လျက်ရှိသည်။ကော်ဖီရောင်မွေ့ယာကြီးပေါ်ကို သူ၏ခန္ဓာကိုယ်အား အလုံးအရင်းပစ်တင်လိုက်တော့သည်။ဂျောင်းဂုသည်
မွေ့ယာကြီးထဲကို သူ့ကိုယ်အား နှစ်လိုက်ပြီး သူဟာ
မျက်ဝန်းတွေကို မှိတ်ချထားလိုက်သည်။ခင်ဗျားတို့ဘယ်လိုတွေးနေလဲဆိုတာ သောက်ချောကြီး
သိတယ်။ဂျွန်ဂျောင်းဂုက မစ္စတာဂျွန် လင်ပေးစားလို့
စိတ်တွေညစ်နေတယ်လို့ ထင်တာမလား။ဒါဆို ခင်ဗျား
တို့အကြီးကြီးမှားသွားပါပြီ။ဒီလင်ပေးစားတဲ့ ကိစ္စလောက်
ကတော့ ဂျွန်ဂျောင်းဂုတို့က လုံးဝကို မဖြုံတာ။အမှန်က
သူပါးပါးကလေး feelပြလိုက်တာ။ဒါက မစ္စတာဂျွန်ရဲ့
လင်ပေးစားအစီအစဉ်ကြီး ပျက်အောင်လုပ်တဲ့ထဲက
တစ်နည်းပဲ။ဂျောင်းဂု အိပ်ဖို့ပဲပြင်လိုက်တော့တယ်။သူ အိပ်ရေးပျက်ထား
တာများနေပြီလေ။သည်အခွင့်အရေးကို ကောင်းကောင်း
အသုံးချပြီး အိပ်ရမယ်!ဂျောင်းဂုရဲ့ခန္ဓာကိုယ်ဟာ အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်လာ
သည်။ထို့နောက်မှာ သူသည် သူ၏မျက်ဝန်းတွေကို ဖွင့်နိုင်ခဲ့ချေပြီ။သူက အနည်းငယ် အိပ်မှုံစုံဝါးလျက်ရှိပြီး
သူရဲ့ဖွာလန်ကြဲနေလောက်မယ့်ဆံနွယ်တွေကို တဖျင်းဖျင်း
ကုတ်နေ၏။ဂျောင်းဂုသည် ဖုန်းကိုယူပြီး အချိန်ကိုကြည့်လိုက်
တော့ 6နာရီ ရှိပြီ။ဝါး.. မနေ့ညနေက အိပ်လိုက်တာ သူ တရေးတောင်
မနိုးခဲ့ဘူးပဲ! ထားပါ.. ထားပါ။ဒါက အရေးမကြီးပါဘူးလေ။ဂျောင်းဂုဟာ လုပ်ရိုးလုပ်စဉ်အတိုင်း မျက်နှာသစ်၊သွားတိုက်
တယ်။ထို့နောက်မှာ ရေချိုးတယ်။သူက black T-shirt
ပေါ်ကနေblack jacket ကိုထပ်ဝတ်လိုက်ပြီး
အနည်းငယ်အပြဲတွေပါတဲ့black jeans နဲ့တွဲဝတ်လိုက်
တယ်။မှန်မှာ ထင်ဟပ်နေတဲ့ သူ့ပုံရိပ်သည် သိပ်ကိုချောမော
လွန်းနေပါတယ်။ဒါဂျောင်းဂု အပိုပြောတာမဟုတ်။All black နဲ့သူဟာသောက်ချောကြီးဖြစ်တယ်!
YOU ARE READING
「 CANDY 」
Romanceအချစ်ဆိုတာ candy လိုပဲ .... ချိုချိုကလေး .... အခန့်မသင့်ရင်တော့ ချဉ်တတ်တယ် ! အချစ်ဆိုတာ candy လိုပဲ .... ချိုချိုကလေး .... အခန့်မသင့်ရင်တော့ ချဉ်တတ်တယ် ! Kim Tae Hyung x Jeon Jung Kook Notice : This fiction may contain a lot of swear-words. !! Star...