Chapter 20

569 60 13
                                    

အခန်း (၂၀)
[ ချိုမြိန်သော အချစ် (၃.၁) ]


ဂျောင်းဂုမျက်နှာက 'အရာရာကို စိတ်ကုန်တယ်' ဆိုသည့်
အမူအယာကို ပန်ဆင်ထားတယ်။သူက ဗီရိုထဲက hoodie
အနက်ကို ဆွဲထုတ်လိုက်ပြီး သူသည် ထိုhoodieကို
မိနစ်အတော်အတန်လောက်ထိ ဝတ်လိုက်ရတယ်။

ဂင်မ်ထယ်ဟျောင်းဘက်ကို ဂျောင်းဂု မျက်နှာမူလိုက်သည်။
ထိုလူက သူအင်္ကျီလဲနေတာကို အစအဆုံးကြည့်နေခဲ့တာ
ဖြစ်သည်။ရှင်းရှင်းပြောရရင် သူ underwear ဝတ်နေ
ချိန်မှာတောင် ရှိနေတာဖြစ်သည်။

ဂင်မ်ထယ်ဟျောင်းက သူ့အနားရွေ့လာပြီး သူ့မျက်နှာကို
လက်ချောင်းရှည်တွေနှင့် ပွတ်သပ်လာသည်။

" နွေးနွေးထွေးထွေးနေနော်။ ရာသီဥတုက အေးနေပြီမလား? "

" သိပါတယ် "

ဂျောင်းဂုမျက်နှာကို မော့လိုက်တယ်။နီးကပ်နေသည့်အနေ
အထားကြောင့် သူ ဂင်မ်ထယ်ဟျောင်းကို အသာလေး နမ်း
နိုင်လိုက်နိုင်တယ်။ထိကပ်သည် ဆိုရုံလေးပါပဲ။

ဂင်မ်ထယ်ဟျောင်းကို သူ့ဘက်ကစနမ်းသည့်အချိန်တွေ
ဆို သူက နမ်းလို့ပြီးရင် ထိုလူ့မျက်နှာကို ရင်မဆိုင်ရဲပေ။
ထို့ကြောင့် သူက အရင်ဦးဆုံး ထွက်လာပြီး ကားထဲမှာသာ
ထိုင်စောင့်နေလိုက်တယ်။

ဂျောင်းဂု ဖုန်းကို ထုတ်လိုက်သည်။သူက သူတို့၏ 'ချောမောတဲ့သူဋ္ဌေးသားဆိုးလေးများ' ဆိုတဲ့ group
ထဲ ဝင်လိုက်တယ်။သူတို့က စာကြောင်းတော်တော်များ
များကို ရေးပြီးသွားပြီဖြစ်သည်။

[ စော်တွေကြည်တဲ့ကောင်ချောလေး : ဟေ့.. ဒီည တစ်နေရာရာမှာ သွားပြီး ကဲကြမလား? ငါတို့တောင်
မသွားတာကြာပြီမလား? ]

ယူဂယောင်းက voice messageပို့လာလေသည်။
စက္ကန့်အနည်းငယ်ကြာမှာ အွန်နူက ပြန်ပို့လာသည်။

[ ဘဲရှိသည် : ငါတို့ လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ သွားခဲ့သေးတယ် မဟုတ်ဘူးလား? မင်း မေ့သွားတာလား? ]
 
အွန်နူ ပြောသည်က အမှန်ပင်။သို့ပေမယ့် မိနစ်မခြား
ယူဂယောင်းက ပို့လာသည်။Voice message ထဲက
ယူဂယောင်းအသံက အနည်းငယ်ညောင်ကာ သူက
သေဖော်သေဖက် လုယူခံလိုက်ရသလို။ဂျောင်းဂု၏
ယူဂယောင်း ပို့ထားသည့် voice message အပေါ်
တုံ့ပြန်မှုက : သောက်ပိုတွေ!

「 CANDY 」Where stories live. Discover now