Chapter 12 (Z+U)

590 63 11
                                    

အခန်း(၁၂)
စားဖိုမှူး နဲ့ ဗိုက်ပူလေး

အရိုင်းစိုင်းတုံးနှင့် ယူရှီထိုင်သည့်စားပွဲဝိုင်းပတ်လည်တွင်
စားပွဲဝိုင်းအလွတ်တွေသာ ခြံရံသည်။ယူရှီသည် သူ၏တူ
နှင့်ညှပ်ထားသည့်အစာကို ခက်ခက်ခဲခဲဝါးနေရသည်။သူ
သည် သူဘာစားနေမိလည်းကိုတောင် သတိမပြုမိတော့
ပါ။

ဂျောင်းဂုကတော့ ဆန့်ကျင်စွာပဲ အမဲသားတစ်ဖက်ကို
ပါးစပ်ထဲသွင်းလိုက်လေသည်။နူးညံ့ကာ စားလို့လွယ်သည့်
အပြင် အရသာကလည်းကောင်းတယ်။ဂျောင်းဂု ဘဲကြီး
အား တိတ်တဆိတ်ချီးကျူးလိုက်သည်။ဝန်ထမ်းတွေ၏
ကန်တင်းမှ အစားအစာတို့သည် ကောင်းမွန်သည်ဟု ဆိုရ
ပေမည်။

" အစောကအခန်းထဲမှာ ဘဲကြီးနဲ့ ယွန်အင်နာက ဘာပြော
နေတယ်လို့ ထင်လဲ ? "

" မသိပါဘူး ! "

ယူရှီသည် ထမင်းဖြူကိုတူနဲ့ညှပ်ယူရင်း အသံကိုထိန်းကာ
ဖြေလိုက်သည်။

" အသုံးမကျလိုက်တာ... "

ဂျောင်းဂုက ကိုယ့်ဘာသာရေရွတ်ဟန်ဖမ်းလိုက်ပေမယ့်
အမှန်တကယ်တွင် သူသည် တမင်တကာပြောလိုက်ခြင်း
ဖြစ်သည်။

အသုံးမကျလိုက်တာ. WT ... !
ယူရှီသည် သွားတွေကိုကျိတ်မိလိုက်သည်။သို့ပေမယ့်
သူသည် ပါးစပ်ထဲကအစားအစာတွေကို မြိုချလိုက်ရသည်။
သူ၏ဒေါသတွေလည်း ပါကောင်း၏ဆိုပြီး။

____

" ပြန်ရအောင်လေ ခွေးပေါက်ကလေး.. ကိုယ်အလုပ်ပြီးပြီ "

" အော်.. အင်းး "

ဂျောင်းဂု ဖုန်းကိုတမ်းပိတ်လိုက်ပြီး ထရပ်လိုက်သည်။
ဘဲကြီးက တိုးကပ်လာတော့ ဂျောင်းဂုမျက်လုံးလေး
တွေက ပြူးဝိုင်းဝိုင်း။နှုတ်ခမ်းလေးတွေက ဟစိ။

" တောက်* ... အဆိုးလေး "

ဂျောင်းဂုမှာ ဘဲကြီးတောက်သွားတဲ့နဖူးလေးကို သတိမရ
နိုင်တော့အောင် ကြောင်စီစီလေးဖြစ်ကျန်နေတယ်။
ဘဲကြီးကတော့ ရှေ့ကသွားနေခဲ့ပြီ။ခဏကြာမှ နဖူးလေး
ကိုပွတ်.. နှုတ်ခမ်းကိုထော်ပြီး ဘဲကြီးအားဆဲရေးတော့သည်။

「 CANDY 」Where stories live. Discover now