Chapter 14

630 70 23
                                    

အခန်း (၁၄)
မျက်ရည်စက်တို့

ဆိုဖာပေါ်မှာ အဝါလုံးလေးဂျောင်းဂုက ပျင်းတွဲတွဲလေးထိုင်
နေတယ်။သူ့ခန္ဓာကိုယ်ကြီးက ဆိုဖာပေါ်မှာ ကန့်လန့်ပြတ်
ကြီးနေရာယူထားတော့ ခြေထောက်လေးတွေက အောက်ကို
တွဲလဲလေးခိုနေတယ်။ခြေထောက်လေးတွေကလည်း တစ်ချက်တစ်ချက်ဆို လှုပ်လီလှုပ်လဲ့လေး။

" ဟင်းးး "

ဒီတစ်ခါနဲ့ဆို သူ သက်ပြင်းချမိတာ တစ်ရာ့လေးကြိမ်မြောက်
ဖြစ်မယ်။ဂျောင်းဂု မျက်နှာချောချောလေးက ယခုတွင်တော့
အဘိုးကြီးအိုပေါက်စလို။

ပျင်းတယ်! ပျင်းတယ်! ပျင်းလို့ သေတော့မယ်!

ဇစ်မြစ်က ထိုက ဖြစ်တယ်။ပျော်ပါးချင်လို့ နေမကောင်းချင်
ယောင်ဆောင်ပြီးကဲမယ်လုပ်ထားပေမယ့် သူ့ဘေးခုံမှာ
အလုပ်ထိုင်လုပ်နေသည့်ဘဲကြီးက ဟားတိုက်နေတယ်။

" ဟင်းးး "

ဂျောင်းဂုခေါင်းလုံးလေးက ဆိုဖာနဲ့ ထိသွားတယ်။
သက်ပြင်းလည်း ချမိပါရဲ့။

အလုပ်ကိုအာရုံစိုက်နေတဲ့ဘဲကြီးကို ဂျောင်းဂုက မမှုံမသုံနဲ့
ကြည့်နေမိတယ်။ဒါပေမယ့် ဂျောင်းဂုက သူ့ရှေ့ကလူကြီး
ကို ရန်စွာပြီးမပြောနိုင်တော့ပါ။ဘာလို့ဆို သူအဖျားတွေ
တက်နေသလိုပဲ။မျက်လုံးလေးတွေက သိပ်မဖွင့်ချင်တော့
ဘူး။မှုတ်ထုတ်လိုက်တဲ့လေငွေ့တွေကလည်း နွေးနေ
သလိုပဲ။ဘဲကြီးရင်ခွင်ကြီးထဲကိုပဲ ဝင်နေချင်တယ်။မဖြစ်သေးပါဘူး! ဘဲကြီး အဖျားကူးသွားရင်တော့ ..!

" အချစ်...! "

ဘဲကြီးခေါ်သံကြားပေမယ့် ပြန်ဖြေဖို့အတွက် အားလေးက
ပိစိသေးလေးပဲရှိတယ်။ဂျောင်းဂုက ငလည်လေး။ပြန်မဖြေပဲ
မျက်နှာငယ်လေးနဲ့ ဘဲကြီးကို ချုပ်တယ်။

" ကျစ်! အဖျားတွေတက်နေပြီ "

သူ့နဖူးကို စမ်းရင်း ဆူငေါက်နေတဲ့ဘဲကြီးကြောင့် အဖျားတက်နေတဲ့ဂျောင်းဂုမျက်နှာလေးက ရှုံ့မဲ့သွားတယ်။
နှုတ်ခမ်းလေးက ဆူလာတယ်။

「 CANDY 」Where stories live. Discover now