Chapter 23

528 54 4
                                    

အခန်း (၂၃)
[ ချဉ်တယ် (၂) ]

|ကွာရှင်းမယ်.. ကွာရှင်းမယ်!|

သူ့မျက်လုံးရှေ့တွင် တည်ရှိနေသောမြင်ကွင်းကို ဂျောင်းဂု
သည် ပြောမပြချင်အောင်ပင် အချဉ်ပေါက်နေသည်။သူသည်
ထိုမြင်ကွင်းကို စိမ်းစိမ်းဝါးဝါးသာ ကြည့်လိုက်တော့သည်။

သူ၏အာရုံကြောတို့သည် ထိုမြင်ကွင်းကြောင့် တင်းမာလျက်ရှိ
တယ်။ဂျောင်းဂုသည် နောက်ဆုံးမှာ ဆက်လက်ကြည့်ရှုချင်
စိတ်မရှိတော့ဘဲ ပန်းကန်လုံးထဲက ထမင်းစေးဖြူဖြူတွေကို
သာ ဇွန်းနှင့် ဖိသိပ်ကာ ယူပြီး သူ၏ပါးစပ်ထဲ ထည့်လိုက်
သည်။ကြမ်းကြမ်းတမ်းတမ်းဝါးနေမှုကြောင့် ထမင်းတွေသည်
ကြေညက်သွားပြီး သူ့ဗိုက်ထဲကို လျင်မြန်စွာရောက်ရှိသွား
တယ်။

" ခင်ဗျား အခုထိ အလုပ်မသွားသေးဘူးလား? "

ဂင်ထယ်ဟျောင်းသည် သိပ်မကြာသေးခင်မှ ကွန်ဒိုသို့
သယ်ဆောင်လာသည့် မဲမဲတုံးတုံးခွေးနှင့် ကလိနေရာက
သူ့အသံကြား၍ လန့်နိုးလာသလို။

" ဟုတ်သား.. ဒါဆို ကိုယ်သွားတော့မယ်။ထန်နီးလေးကို အစာကျွေးပေးအုံးနော် "

အငတ်ထားပစ်မှာ!

" မနမ်းနဲ့ ။ သွားတော့ဗျာ "

ဂင်ထယ်ဟျောင်း၏ခန္ဓာကိုယ်အား ဂျောင်းဂု တွန်းထုတ်

သည်။နှုတ်ခမ်းလေး ထော်နေပြီဖြစ်တဲ့ ကောင်ငယ်လေး
ကို ကြည့်ပြီး ထယ်ဟျောင်း နှုတ်ခမ်းတို့ ပြုံးမိပါတယ်။

အခန်းတွင်းတွင် သူ နှင့် မဲမဲတုံးတုံးခွေးတစ်ကောင်သာ
ရှိတော့သည်။ဂျောင်းဂုဟာ နှုတ်ခမ်းစွန်းတွေကို နတ်ဆိုး
တစ်ကောင်အလား တွန့်ကွေးလိုက်သည်။ဒီအပြုံးကြီးကို
မြင်လိုက်ရသည့် ယွန်းထန်လေးကတော့ အတော်လန့်နေ
ပြီ။ သူလည်း ဘာမှမလုပ်ရပါဘဲနဲ့ ။

ဂျောင်းဂုသည် ခန္ဓာကိုယ်အား အနည်းငယ် ကိုင်းလိုက်ပြီး
ထိုင်ခုံပေါ်က ငမဲကောင်အား ကြည့်လိုက်သည်။ထိုအခါမှာ
ငမဲကောင်က သနားချင်စဖွယ် အညိုရောင်မျက်လုံးလေး
တွေနဲ့ ကြည့်နေတယ်။

「 CANDY 」Where stories live. Discover now