Chapter 6(U)

682 64 7
                                    

အခန်း(၆)
ခင်ဗျား သိပ်စကားတတ် !

သူ့ခန္ဓာကိုယ်သည် ဘဲကြီးရဲ့ပွေ့ယူလိုက်မှုမှာ မလူးသာ
မလွန့်သာလေး။မျက်ဝန်းငယ်တို့က ကောင်းကောင်းမဖွင့်
နိုင်သည်မို့ နီးစပ်ရာကို လက်တွေနဲ့ထုရိုက်နေမိသည်။
ခြေထောက်တွေကိုလည်း ယမ်းခါတယ်။

" ချပေးးး ချပေးးး "

" ငြိမ်ငြိမ်နေ! "

ရင်ခွင်ထဲက ကိုယ်ငယ်ကလေးကို ဆူပူမိပါရဲ့။အမူးသမား
ခွေးပေါက်ကလေးသည် သိပ်ကိုဆိုးလွန်း၏။

ငြိမ်ကျသွားတဲ့ကိုယ်ငယ်ကလေးကြောင့် ငုံ့ကာကြည့်မိသည်။
မျက်ဝန်းငယ်တို့သည် ပိတ်ကျနေသည်။အတော်အားယူ
ပြီး ဖွင့်နေရပုံပေါ်သည်။နှုတ်ခမ်းရဲရဲလေးသည် စူထော်နေပြီ။
သူ ရယ်လိုက်မိရဲ့။ခွေးပေါက်ကလေး မူးနေရင် သိပ်ချစ်ဖို့
ကောင်းတယ်။

ဘဲကြီးရဲ့ 'ငြိမ်ငြိမ်နေ'ဆိုတဲ့ ပြောသံကြီးက သူ အသည်းနှလုံးလေးကို အကြီးကြီးထိရိုက်တယ်။ဘဲကြီး
မကောင်းဘူး! သူ့ကို အော်တယ်!

Lover seatမှာဘဲကြီးက သူ့အား အသာချပေးပါသည်။
ခေါင်းတွေက ပိုမူးနောက်လာသည်။မျက်လုံးတွေကိုလည်း အတင်းဖွင့်နေရတယ်။

သို့သော် သူမအိပ်ချင်ဘူး။ဖွင့်နိုင်တဲ့သေးပိစိမျက်ဝန်းလေး
တွေနဲ့ ရအောင်ကြည့်နေတယ်။စောင်ကားကောင်းကြီးက
ငြိမ့်ငြိမ့်ကလေး သွားနေတယ်။သူက အပြင်ကို ကြည့်နေ
တယ်။

အတွေးစဉ်တွေထဲ ဘဲကြီးဆိုတဲ့ ရုပ်ချောချောလူကြီးက
စိုးမိုးဝင်ရောက်လာတော့ ခေါင်းကလေးကို ဘဲကြီးရှိရာဆီ
လှည့်မိသည်။မျက်ဝန်းသေးပိစိတွေနဲ့ ဘဲကြီးကို မှုံသုံသုံကလေးကြည့်တယ်။

ဘေးတိုက်သာမြင်နေရတဲ့မျက်နှာသည် ချောသည်။
အရမ်း အရမ်း အရမ်း အရမ်းးး.. ချောတာ!

နှုတ်ခမ်းလေး!.. အဲ့နှုတ်ခမ်းက ဘာလို့ ကကြီးလေးဖြစ်နေ
ရတာလဲ ?

အရမ်း ကြည့်လို့ကောင်းတယ်! ကကြီးကလေးက!

အနီးကပ်ကြည့်ချင်တယ်! အနီးကပ်ကြည့်ရမယ် ... ဟုတ်တယ်။

「 CANDY 」Where stories live. Discover now