Chapter 21

532 55 10
                                    

အခန်း (၂၁)
[ ချိုမြိန်သော အချစ် (၃.၂) ]

မိနစ် (၃၀) ကျော်လောက် မောင်းနှင်အပြီးမှာ ထယ်ဟျောင်း
သူဋ္ဌေးဂျွန်၏ အိမ်ရှေ့တွင် ရောက်လေပြီ။ပုံမှန်ဆို မိနစ်(၂၀)
မျှသာ ကြာသော်လည်း ယခုတွင် lover seat မှာထိုင်နေ
သည့် ကောင်ဆိုးလေးက ငမူးလေး လေမလား။

ဦးလေးချွဲက တံခါးလာဖွင့်ပေးသည်မို့ ဂျွန်အိမ်ထဲကို လွယ်လွယ်ကူကူပဲ မောင်းဝင်နိုင်လိုက်တယ်။ကားထိုးသည့်
နေရာမှာ ကားကို ရပ်လိုက်တယ်။

သူ့ဘေးက ငမူးလေးကို ထယ်ဟျောင်းက ကြည့်လိုက်
သည်။ ငမူးလေးက အမူးနည်းနည်း ပြေသွားသယောင်။

ဟုတ်သည်။ထိုငမူးလေးက ကားစမောင်းသည့်အချိန်မှာ
ပိစိလေး နှောင့်ယှက်ပေမယ့် ရောက်ခါနီးတွင်တော့
ငြိမ်ကျနေလေသည်။

ထယ်ဟျောင်းက တွေးမိတယ်။ဒီကောင်လေး မူးနေတာ
တောင် အိပ်မပျော်တာ တော်တော်လေး ။

" ဂင်မ်ထယ်ဟျောင်း! "

" အင်း။ ပြောလေ "

သူ့ရဲ့မျက်လုံးတွေကို အားယူပြီး ဂျောင်းဂု ဖွင့်လိုက်သည်။
သို့ပေမယ့် သူ့မျက်ဝန်းတွေက မှေးမှေးလေးသာ။

အမြင်အာရုံကျဉ်းကျဉ်းလေးထဲမှာ ဂင်မ်ထယ်ဟျောင်း၏
ချောမောသည့်ရုပ်ရည်က နေရာယူထားပြီး ထိုသူက သူ့အား
အရမ်းတန်ဖိုးထားရသည့်အရာလေးကို ကြည့်နေသလိုမျိုး
မျက်ဝန်းနက်တွေက သိပ်ကို နွေးကြည်နေတာ။

ဂင်မ်ထယ်ဟျောင်းက သူ့ရဲ့ဆံပင်လေးတွေကိုလည်း
လက်တစ်ဖက်နှင့် ပွတ်သပ်ပေးနေသေး၏။

ဂျောင်းဂုဟာ မျက်လုံးမှေးလေးတွေနှင့် သူ့အား အုပ်မိုး
ထားသည့်လူကြီးကို ဆက်ပြီးကြည့်နေတယ်။

ဂင်မ်ထယ်ဟျောင်းက သူ့ကို သိပ်ချစ်တယ်။ပြီးတော့
နူးနူးညံ့ညံ့နဲ့ ချစ်သည်။ယုယသည်။ ဒါပေမယ့် ဂျောင်းဂုက
ဆိုးချင်တယ်။ သူက အစောက 'ဂင်မ်ထယ်ဟျောင်း နဲ့ မိန်းမ
လေး' ကိစ္စကို စိတ်ကောက်ချင်တယ်။

「 CANDY 」Where stories live. Discover now