Part -1

9.6K 347 14
                                    

Unicode

Happy 2nd Anniversary

ဆိုတဲ့ စာတန်းလှလှလေးဟာ..ချောကလတ်တွေအပြည့်နဲ့ပြုလုပ်ထားတဲ့..ကိတ်အပေါ်မှာလှပစွာနေရာယူနေတယ်.....

ဒီနေ့ကကျွန်တော်နဲ့..ကိုကိုရဲ့အိမ်ထောင်သက်တန်း ၂ နှစ်ပြည့်တဲ့နေ့လေးပါ...တစ်နည်းအားဖြင့်ပြောရရင်...ကိုကို ကျွန်တော့်ကို ဥပက္ခာပြုခဲ့တယ့်အချိန်ပေါ့

ကျွန်တော်နာမည်က ရှောငျကနြျ့ပါ.
Xiao...ကုမ္ပဏီရဲ့တစ်ဦးတည်းသောသားလေးပေါ့
ကိုကိုနာမည်ကတော့ ဝမ်ရိပေါ် ပါ....
ကိုကိုကကျွန်တော့်ထက်တစ်နှစ်ကြီးပါတယ်...
ကျွန်တော်ဘာအလုပ်လုပ်လဲဆိုတော့...ကျွန်တော်ဘာအလုပ်မှမလုပ်ပါဘူး....တက္ကသိုလ် နောက်ဆုံးနှစ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်ဆက်မတက်ခဲ့ပါဘူး.....
ကိုကိုကတော့.သာမာန်လူတန်းစားလေးတစ်ဦးပါ..ဒါပေမဲ့ အခုတော့ကိုကိုက Xiaoကုမ္ပဏီကိုအုပ်ချုပ်နေရတဲ့လူပေါ့....ကျွန်တော့်မိဘတွေသေဆုံးတော့ ကုမ္ပဏီကိုကျွန်တော့်ကိုလွှဲပေးခဲ့ပေမဲ့..ကျွန်တော်ဘာမှမသိတာကြောင့်ကိုကို့ ကိုကျွန်တော်လွှဲပေးခဲ့တယ်.......ထားပါ....
ဒီနေ့က ကျွန်တော့်ရဲ့အပျော်ရွှင်ဆုံးနေ့ပဲ......

ကျွန်တော်တို့ရဲ့အိမ်ထောင်သက်တမ်း၂နှစ်ပြည့်တဲ့နေ့ဖြစ်သလို...ကျွန်တော့်ရဲ့ ၂၂ နှစ်ပြည့်မွေးနေ့လည်းဖြစ်တယ်............

"ကိုကို..ဒီနေ့ကျွန်တော်တို့ရဲ့ anni နေ့ကိုမနေ့လောက်ပါဘူး........

ကားသံကြားတယ်ကိုကိုပြန်လာပြီထင်တယ်....ဒီနေ့ကိုကိုပြန်လာတာစောသားပဲ ကြည့်ရတာ anni နေ့အတွက်အစောကြီးပြန်လာတာထင်တယ်..."

ကျန့်ကျန့်တစ်ယောက် သူရဲ့ကိုကိုပြန်လာသည့်အတွက်ထွက်ကြိုဖို့...ထမင်းစားခန်းထဲကနေထွက်လာလိုက်တယ်....

"ကိုကို..ပြန်လာ......"

မြင်လိုက်ရတဲ့မြင်ကွင်းကကျန့်ကျန့်ရဲ့မျှော်လင့်ချက်တွေ နင်းချေပစ်လိုက်သလိုပါပဲ ...

"မင်းဘာရပ်ကြည့်နေတာလဲ..ကားပေါ်က ငါ့အိတ်သွားသယ်..."

"ဟု.....ဟုကဲ့ပါ..."

"မိန်....လာအပေါ်သွားရအောင်..."

"You ကအရမ်းဆိုးတာပဲ...."

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now