Second Chance(Part-7)🔞🔞

3.7K 221 23
                                    

Unicode

(Warning အသက် 18 မပြည့်သေးသူများမဖတ်ရ)တာဝန်အရပြောတာရရ် ဖတ်ချင်ဖတ်ပါ😄😄
...................

"ဒုန်း...."

ရှောင်ကျန့်တစ်ယောက်ကားယားလေးအိပ်နေရာမှ ဒုန်းဆိုတဲ့အသံကြောင့် အလန့်တကြားထကြည့်လိုက်တယ်........

"ဘာအသံလဲမသိဘူး.."

ထိုနောက်...အခန်းတံခါးဝနားရောက်လာတဲ့လူတစ်ယောက်ကိုတွေ့လိုက်တယ်...

"ဘယ်...ဘယ်သူလဲ.."

ထိုအချိန်အခန်းထဲကမီးတွေအကုန်လုံးလင်းလာတော့တယ်..

*ဟင်...ဝမ်ရိပေါ်ကြီး သူကဒီချိန်သူ့သူငယ်ချင်းတွေနဲ့ရှိနေရမှာမဟုဘူးလား ဘာကိစ္စနဲ့ဒီရောက်လာရတာလဲ.....*

"မနက်ကမှ လက်ထပ်လိုက်တဲ့ကိုယ့်ရဲ့ယောကျ်ားအသစ်စက်စက်လေးကိုမမှတ်မိတော့ဘူးလား.."

ရိပေါ်ထိုသို့ပြောပြီး တစ်လှမ်းချင်း အခန်းထဲဝင်လာတော့တယ်...

"ဘာ..ဘာလာလုပ်တာလဲ..."

"အို...ဘာလာလုပ်ရမှာလဲ ဒီနေ့က ကိုတို့နှစ်ယောက်ရဲ့မဂ်လာဦးညဆိုတော့ဘာလာလုပ်တယ်ထင်လဲ....."

*မ..မဟုဘူးလေ ဝတ္တုထဲမှာဒီလိုမဟုဘူးလေ..ဘယ်နေရာကစမှားသွားတာလဲ...*

ရှောင်ကျန့်အတွေးများနေတာနဲ့ရိပေါ်သူ့အနားရောက်လာတာတောင်မသိလိုက်... ရုတ်တရတ်ရိပေါ် ရှောင်ကျန့်ကိုယ့်လေးကို အိပ်ယာပေါ်လှဲချပြီးအုပ်မိုးလိုက်တယ်...

"မင်း...မင်း..ဖယ်စမ်းငါ့အပေါ်က..."

"မဖယ်ဘူးဆိုရင်ရော ကိုယ့်ရဲ့ဇနီးလေးကိုအပြစ်ပေးရအုံးမယ်လေ..."

"ဘော.ကိုဇနီးပါလား...ငါကယောကျ်ားလေး..နောက်ပြီး ငါလုပ်ထားလို့အပြစ်ပေးမယ်ပြောတာလဲ..."

"မမှတ်မိတော့ဘူးလား..ကိုယ့်ဇနီးက..."

".........."

"ဒါဆိုလည်းကိုယ်ပြောပြရတော့မှာပေါ့... ကိုယ့်ညီလေးကို ကန်သွားတာမှတ်မိသေးလား.."

ထိုအခါမှ ရှောင်ကျန့်မျက်လုံးလေးပြူးသွားတော့တယ်...

*ဒီလူဘယ်လိုလူလဲ...အဲ့ကိစ္စပြီးသွားတာကြာပြီကိုအခုထိမှတ်ထားတုန်းပဲလား...*

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now