Second Chance(Part-1)

4.6K 256 36
                                    

Unicode

"Wait!! The End Wtf!!
ဘယ်လို fic ကြီးလဲ....ငါ့ဘဝမှာဒီလိုမပြတ်မသား ပြီးသွားတဲ့ fic တစ်ခါမှမဖတ်ဘူးဘူး...
ဟင့်....သောက်စာရေးဆရာကြောင့်ငါလေးသေသွား...အယ်ဟုပါဘူး...ငါနဲ့တူတဲ့ဇာတ်လိုက်လေးသေသွားရတယ်....စာရေးဆရာ မင်းငါ့ဘေးမှာရှိလို့ကတော့ဂုတ်ချိုးသတ်မယ်......"

(စာရေးဆရာ....🥶🥶)

"ငါမှာ အချိန်ကုန်ခံငွေကုန်ခံပြီးဖတ်လာရတဲ့ fic လေး ငါလေးနဲ့နာမည်တူတဲ့ ficလေး နောက်ပြီးဇာတ်လိုက်မို့ ဖတ်ခဲ့ရတာကို...အခုတော့သေတယ်တဲ့လား..ဟင့်....ငါရဲ့ မင်းသားလေး..ဟင့်..
အစကသိခဲ့ရင်မဖတ်ခဲ့ပါဘူး...extra coming soon တဲ့ ဘာလို့ရေးနေမှာလဲ ဇာတ်လိုက်မှမရှိတော့တာ..ဘယ်သူ့အကြောင်းသွားရေးမှာလဲ. အဲ့လက်ဖက်စိမ်းမအကြောင်းရေးမှာလား..မဖတ်ဘူး..ဆက်ပြီး..ဟွန့် ငါ့hero လေးကိုသတ်ပစ်တယ်.. အား..စိတ်တိုလိုက်တာ..."

^^ဟုတ်ကဲ့ အခု စတေးခဲ့သောနှလုံးသား ဆိုတဲ့ fic လေးဖတ်ပြီး ပေါက်ကွဲနေတဲ့လူက ကျွန်တော်ဆိုတဲ့ရှောင်ကျန့်ပါ.....ကျွန်တော်ကအသက် ၂၀ တက္ကသိုလ်နောက်ဆုံးနှစ်ပါ...အသက်၂၀ လေးနဲ့ဘယ်လိုလုပ်ပြီး တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တာလဲမမေးနဲ့ ကျွန်တော်က master brain လေ..အဲ့တော့ အတန်းကျော်တက်ခိုင်းတာပေါ့...
ကျွန်တော်က fudanshi အကြီးစားတစ်ယောက်ဖြစ်တဲ့အပြင်....fic တွေဖတ်ရတာလည်းဝါသနာပါတဲ့လူတစ်ယောက်ပါ...အခုလည်းကြည့်.....သာသာအစုတ်အပြတ်ရေးတဲ့...
စတေးခဲ့သောနှလုံးသား ဖတ်ပြီး အကုသိုလ်များနေရတယ်...ဦးနှောက်မရှိ ဇာတ်သိမ်းကို ဘယ်လိုသိမ်းထားလဲမသိဘူး....ကျွန်တော်သာဆိုအဲ့ထက်ပိုပြီးကောင်းမှာ....အဲ့လိုဝေဖန်ပြီးဘာလို့ဖတ်လဲမမေးနဲ့ fic ထဲက ဇာတ်လိုက်တစ်ယောက်က ကျွန်တော့်နာမည်နဲ့တူလို့ဖတ်တာ.....နောက်ပြီး ကျွန်တော်ကြိုက်တဲ့ဇာတ်ကောင်.. ဘယ်ထင်ထားမလဲ..အစုတ်အပြတ်စာရေးသူက ကျွန်တော့် hero လေးကို သတ်ပစ်မယ်လို့လေ...^^

(အစုတ်အပြတ်သာသာ...😑😑😑)

"တော်ပြီ....ထိုင်ပြောနေမဲ့အစား ညစာစားတာပဲကောင်းတယ်..ငါလူးမ သာသာ..ဒင်းကြောင့်
အစားပျက်တာများပြီ..ဟွန့်..."

ရှောင်ကျန့်တစ်ယောက် စာရေးသူကိုမှိုချိုးမျှစ်ချိုးပြောပြီး....အောက်ထပ်ကိုဆင်းသွားလိုက်တယ်....

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now