Second Chance(Part-21)

2K 163 10
                                    

Unicode

"ဝမ်နင်..ငါတို့ဒီမှာ.."

"Sorry ကွာ ဟိုလူကြီးရစ်နေတာနဲ့နည်းနည်းနောက်ကျသွားတယ်.."

"ဘယ်လူကြီးလဲ.."

"ငါဘဲကြီးလေ."

"အယ် မနေ့ကမင်းတို့ပဲ ဒါလင်တွေ ဟန်နီတွေလုပ်နေပြီး အခုကျတော့ ဟိုဘဲကြီးတဲ့လား..ဟား..ဟား..."

"အင်း..ဟုတယ်...ပြောမရလို့လေ မင်းတို့နဲ့တွေ့မှာကို တခြားသူနဲ့တွေ့မှာကျလို့ သွားရင်သူ့ရောလိုက်မှာ မဟုရင်မသွားရဘူးတဲ့လေ...."

"အဲ့တော့မင်းကဘယ်လိုပြောပြီး ဒီကိုရောက်လာတာလဲ.."

"ဟဲ..ဟဲ..ငါဝမ်နင်ပါကွ...ပြောစကားနားမထောင်ရင်ညစာငယ်လို့ပြောခဲ့တယ်လေ.."

"ဟင်း..မင်းကတော့လေ..ထားပါ ငါမင်းကိုခေါ်တာက အကူညီတောင်းစရာရှိလို့ ကူညီပေးမလားဟင်.."

"ကျန့်ကျန့်ရယ် ဘယ်လိုတွေတောင်မေးနေရတာလဲ ငါတို့သူငယ်ချင်းတွေပါ ကူညီရမှာပေါ့ အစွမ်းကုန်ကူညီမှာ..."

"အင်း..ဒါမဲ့အဲ့ကိစ္စက မင်း ချစ်သူနဲ့သက်ဆိုင်နေရင်ရော "

"ငါပြောပြမယ် ငါ့ဘဝမှာ ငါ့မိဘတွေကလွဲလို့ ပထမဆုံးသိကျွမ်းခဲ့ရတာက ဒါလင်ဖြစ်နေပေမဲ့
ငါ့ဘဝမှာ အချစ်ဆုံးသူငယ်ချင်းအဖြစ်ရောက်ရှိလာတာက မင်းတို့လေ ဒါကြောင့် ငါ့ချစ်သူနဲ့သက်ဆိုင်နေရင်တောင် ငါကမင်းတို့ကိုကူညီပေးမှာပဲ....သူငယ်ချင်းအရေးကြီးတယ်လေ ဟုဘူးလား..."

(ခါရာ    -ဝမ်နင်ကော အဲ့ဆိုရင်လေ ရန်ကော ကိုကျွန်တော့်ပေးပါလားဟင်...

ဝမ်နင်    -တိတ်စမ်း   စကားအရပြောတာ

ခါရာ     - 😑😑🥴)

"ကျေးဇူးပါ ဝမ်နင် အမှန်တော့ ငါတို့ဒီကိုလာတာ သက်သေလာရှာတာ.."

"သက်သေ?"

"အင်း ဟုတယ် မင်းကိုငါပြောဘူးပါတယ် ငါ့ပါးနဲ့မားသေတာ ရိုးရိုးသားသားမဖြစ်နိုင်ဘူးလို့"

"အင်း.."

"အဲ့ဒါက ဟိုတစ်လောမှ သိလိုက်ရတာက ငါ့ပါးတို့သေတာ မင်းရီးစားရဲ့အဖေ ပိုင်ချွေ့ရန်ကြောင့်မို့တဲ့.."

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now