Second Chance(Part-23)

2K 148 10
                                    

Unicode

"ပါး......."

"ဟင်..သား..စစ်အာလေး ပြန်လာပြီလား...
သားရယ် ဘယ်တွေလျှောက်သွားနေတာလဲ"

"ဘယ်မှမသွားပါဘူး ပါး သားအိမ်မှာမနေချင်လို့
လျှောက်သွားနေတာပါ.."

"အိမ်မှာမနေချင်လို့...ဟင်း..ထားပါ..သားဘာမှမဖြစ်ပဲပြန်လာတာကို ပါးကျေနပ်ပါပြီ
ဒါနဲ့ သား ဘာစားပြီးပြီလဲ...တစ်ခုခုစားမလား ပါးပြင်ခိုင်းလိုက်မယ်.."

"ဟင့်အင်း...သားမစားတော့ဘူးပါး...ပါးသားတစ်ခုလောက်မေးချင်လို့..."

"မေးလေသားရဲ့....."

"Jack ဆိုတဲ့လူကြီးကိုပါးသိလား..."

"ဟင်!!......."

Jack ဆိုတဲ့နာမည်ကြောင့် ပိုင်ချွေ့ရန်အံသြသွားတယ်

"ဘာ..ဘာဖြစ်လို့လဲသား..."

"ဟင့်အင်း..ဘာမှမဟုဘူး သိချင်လို့ အမှန်တော့မားရဲ့ ဒိုင်ယာရီထဲမှာ ပါးတို့အကြောင်းရေးထားလို့ပါ....အဲ့ထဲမှာ မားက ပါးကိုသိပ်ချစ်တာပဲနော်.."

"ဟင်...."

"ဘာလို့လဲပါးမဟုဘူးလား.."

"ဟု..ဟုတယ်သား...ဟုတယ်.."

"အင်း...အဲ့ဒီထဲမှာ jack ဆိုတဲ့လူကိုသားမသိလို့ ပါးသိရင်ပြောပြပါလားနော်.."

"ဟို.."

"ပြောပြပါ..ပါး..."

"ကောင်းပြီ...."

"Jack နဲ့ပါးတို့က သူငယ်ချင်းတွေလေ အရမ်းချစ်ကြတာပေါ့...jack က U.S ကပဲ ဒါပေမဲ့ပါးတို့နဲ့ပေါင်းတာကြာတော့ သူက ပါးတိူ့လူမျိုးကိုစိတ်ဝင်စားလို့ ပါးတို့ဘာသာစကားတွေလိုက်သင်တယ် ပါးတို့နဲ့အတဒ တရုတ်ပြည်ကိုအလည်လိုက်တယ်...ပျော်ဖို့ကောင်းတဲ့လူငယ်ဘဝပေါ့
ဒါပေမဲ့ ပါးတို့အကြောင်းအရာတစ်ခုခုကြောင့်မိတ်ပျက်ခဲ့ကြတယ်...အဲ့ဒါက ပါးနဲ့ သားနဲ့မားCrystal က ချစ်ကြိုက်ခဲ့တယ် ဒါကိုသိတဲ့ jack က ပါးတို့ကိုမနာလိုပြီး နှောက်ယှက်ခဲ့တယ်....ဒါပေမဲ့မအောင်မြင်ခဲ့ဘူးလေ ပါးလည်းမင်းမားနဲ့လက်ထပ်ခဲ့တယ် jack လည်း တခြားသူနဲ့လက်ထပ်ခဲ့တယ် သူရဲ့ဇနီးက တရုတ်ပြည်ကလေ အဲ့တော့လက်ထပ်ပြီးတရုတ်ပြည်မှာပဲအခြေချခဲ့တော့ ပါးတို့မတွေ့ဖြစ်ကြဘူး...
ဒါပေမဲ့လွန်ခဲ့တဲ့ ၄ နှစ်ကပဲ ပါးတို့ပြန်တွေ့တယ်
လုပ်ငန်းတွေကိုအတူလုပ်ဆောင်ကြတယ်လေ"

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now