Second Chance(Part-10)

2.9K 220 18
                                    

Unicode

"မား..ပါး..သားလာတယ်..မားတို့ရဲ့သမက်လေးပါခေါ်လာခဲ့တယ်..."

"အန်တီနဲ့အန်ကယ်ကို ကျွန်တော်နှုတ်ဆက်ပါတယ်...နောက်ကျမှလာတွေ့ဖြစ်တဲ့အတွက်ခွင့်လွှတ်ပေးပါ...."

"မား..ပါး..သားအတွက်ဘာမှစိတ်မပူနဲ့နော်....သားကောင်းကောင်းနေမှာပါ..မားတို့စိတ်ချလက်ချသွားပါ.."

"ဟုပါတယ် မား...ကျွန်တော် ကျန့်ငယ်ကို ဂရုစိုက်မှာပါ....မားတို့ ပါးတို့ စိတ်ချပါ...ကျန့်ငယ်ကို ကျွန်တော်ပျော်ပျော်ရွှင်ရွှင်ထားမှာပါ...."

"တကယ်ရော ပျော်ပျော်ရွှင်ရွှင်ထားမှာလား..ကော.."

"ကိုယ်က ကျန့်ငယ်ကို ဘာလို့လိမ်ပြောရမှာလဲ..ကျန့်ငယ် မယုံရင် ကို မားတို့ရှေ့မှာ သစ္စာဆိုပြမယ်......"

"ဟင့်အင်း..မလိုပါဘူးကော...ကော ဒီလိုပြောတာနဲ့တင်ရပါပြီ..."

"ကျေးဇူးပါ ကျန့်ငယ်..."

ရိပေါ်နဲ့ရှောင်ကျန့်လည်း...ရှောင်ဇနီးမောင်နှံကို ဂါဝရပြုပြီးပြန်လာခဲ့တော့တယ်..
................

"ကျန့်ငယ် ဗိုက်ဆာနေပြီလား..."

"ဟု..."

"ဒါဆို ကောတို့အပြင်မှာဝင်စားမယ်နော်"

"ဟုကော..."

ရှောင်ကျန့်တို့လည်း ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာဝင်စားလိုက်တော့တယ်..

"ကော..ကျွန်တော်မေးစရာရှိတယ်.."

"မေးလေ ကျန့်ငယ်.."

"ကော ဟို ကိစ္စတွေဘယ်လိုလုပ်သိတာလဲ...ကောရဲ့မားကိုမေးလိုက်လို့လား..."

"ဟင့်အင်း....မဟုဘူး..ကိုယ့်ကို ကျန်းရှေ့နေကြီးပြောပြတာ...ကိုမား ကိုမေးပေမဲ့ မားကတော့အမှန်တိုင်းမဖြေလို့လေ..အခုအမှန်တိုင်းသိရပြီဆိုတော့...ကိုယ်ကျေနပ်ပါပြီ....ဒါပေမဲ့ ကိုမားကို စိတ်တော့တိုတယ်..သူဘာကြောင့် လိမ်ထားရတာလဲကော ကို မသိဘူး..."

"အင်း...တစ်ခုခုရှိလို့နေမှာ ကျန့်ကျန့်မသိဘူး..ကျန့်ကတော့...အန်တီဟွားလီ တောင်းတဲ့အတိုင်းပေးခဲ့တာပါပဲ..ကောကိုချစ်ခဲ့လို့လေ.."

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now