Second Chance(Part-26)

2K 149 6
                                    

Unicode

"Boss!!"

"......."

"Boss ကုမ္ပဏီထဲကိုရဲတွေဝင်လာပါတယ်!!"

"ဘာ!!!"

"ဝင်လို့မရပါဘူးရှင်.....အ.."

ရဲတွေဟာ အထဲဝင်မရအောင်တားဆီးနေတဲ့ အတွင်းရေးမှူးမလေးကို အဝေးကိုတွန်းပို့လိုက်တယ်...

"မစ္စတာပိုင်.....လူကြီးမင်းကို လူသတ်မှု အလွှဲသုံးစားလုပ်မှု ငွေမဲလဲလည်မှုနဲ့ ဖမ်းဆီးလိုက်ပါပြီ.."

"ဘာ!! ဘာတွေလာပြောနေတာလဲ..မင်းတို့မဟုတာတွေလာမပြောနဲ့ ဘယ်မှာလဲသတ်သေ"

"သတ်သေမရှိပဲ ကျွန်တော်တို့ကဖမ်းမယ်ထင်လို့လား....အေးဆေးလိုက်ခဲ့ပါ မစ္စတာပိုင်..ခများရှေ့နေခေါ်ယူခွင့်ရှိပါတယ်..."

ပိုင်ချွေ့ရန်လည်း ရဲတွေနောက်ကိုလိုက်သွားတော့တယ်...

ထိုနေ့ကစပြီး ပိုင်ချွေ့ရန်ဘဝဟာကံဆိုးမိုးမှောင်ကျခဲ့ရတယ်.....

သက်သေအခိုင်အလုံရှိ၍ ဘယ်လိုမှအမှုကမလွှတ်ခဲ့..ထောင်ဒဏ်အနှစ် ၃၀ ကျသွားခဲ့တယ်........

ပြစ်ဒဏ်ချမှတ်ခဲ့သည့်နေ့..

"မစ္စတာပိုင်ချွေ့ရန်သည် ရှောင်လင်မယားကိုသတ်မှု...ကုမ္ပဏီကို အလွှဲသုံးစားလုပ်မှု (လိမ်လည်မှု) တရားမဝင်ငွေမဲ လဲလည်မှုတို့ကိုသတ်သေအထောက်အထားနဲ့တကွ...တွေ့ရ၍
ထောင်ဒဏ် နှစ်၃၀ ကျခံစေ..ဒုန်း..ဒုန်း..ဒုန်း...."

ပိုင်ချွေ့ရန်ထိုနေရာမှာပဲ ထိုင်ချမိတော့တယ်..

သူ့ကိုတရားစွဲတဲ့သူက သူ့ရဲ့ဝမ်းမနာသားဖြစ်လိမ့်မယ်လို့တစ်ခါမှမတွေးထားဘူးဘူး...
နောက်ပြီး..သူအရမ်းယုံကြည်ရတဲ့သူ သူရဲ့လူယုံကလည်း...ဒီကိစ္စမှာပါဝင်နေတယ်တဲ့လား.....
သစ္စာဖောက်ခံရတဲ့ခံစားချက်က ဒီလိုပါလား...

ရဲတွေပိုင်ချွေ့ရန်ကိုဆွဲခေါ်သွားမယ်အလုပ်..

"ခနလေးပါ..."

"ပါး......"

"........."

"ပါး ကျွန်တော့်ကိုစိတ်နာနေမယ်ဆိုတာသိပါတယ်...ဒါပေမဲ့ပါးရဲ့လုပ်ရပ်တွေကအမှားတွေများနေပြီ...ကျေးဇူးပြု၍အပြစ်ကျွေးတွေကိုကျေအောင်ဆပ်ပါ..."

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now