Part - 8

2.9K 225 16
                                    

Unicode

မီးရောင်စုံနဲ့ထိန်လင်းနေတဲ့ နာမည်ကြီးဟိုတယ်ရဲ့ ပထမအထပ်မှာ..လူကုံတန် အသိုင်းအဝိုင်းက လူကြီးတွေ..လူငယ်တွေ..မိန်းကလေးတွေနဲ့ပြည့်နေတယ်....ထိုအချိန် တန်ဖိုးကြီးကားသုံးစီးက ဟိုတယ်ရဲ့အပေါက်ကိုရောက်လာပြီး လူတိုင်းရဲ့အကြည့်တွေကလည်း..ထိုကားသုံးစီးကိုကြည့်နေကြတယ်.....ထိုကားထဲမှာမှ အလယ်ကကားထဲကဆင်းလာတဲလူကတော့....စီးပွား​လောကရဲ့နှစ်ယောက်မရှိတဲ့လူသား...ဝမ်ရိပေါ်.....နဲ့....လူတိုင်းနီးပါးသိထားကြတဲ့ အရမ်းချစ်ကြတယ်ဆိုတဲ့...ဝမ်ရိပေါ်ရဲ့အသဲအသက်လေးဖြစ်တဲ့ရှောင်ကျန့်တို့ ကားပေါ်ကဆင်းလာကြတယ်...

ရှောင်ကျန့် တစ်ယောက်ကြောင်ပြီးရပ်ကြည့်နေတော့ ရိပေါ်က နားနားလေးကပ်ပြီးပြောလိုက်တယ်...

"အထဲဝင်ကြရအောင်လေ..အကုန်လုံးစောင့်နေတာ....ကြောက်နေတာလား..."

အင်း..ဟုပါတယ်..ရှောင်ကျန့်လေးကြောက်နေတာပါ....ဘာလို့လဲဆိုတော့ ရှောင်ကျန့်ဟာ...ငယ်ငယ်လေးကတည်းတစ်ယောက်တည်းနေခဲ့ရသူဖြစ်ပြီး..မိဘတွေကလည်းပွဲမထုတ်ခဲ့ သူငယ်ချင်းတောင် ငယ်သူငယ်ချင်းကျန်းချန်ပဲရှိခဲ့တာပါ..အရင်ကကျောင်းတက်တော့လူသိပ်မကြောက်ပေမဲ့..ရိပေါ်နဲ့လက်ထပ်ပြီးကတည်းကျောင်းမတက်တော့တဲ့အပြင် အပြင်လည်းမထွက်ဖြစ်တော့တာကြောင့်..လူကြောက်တာဟာ သိပ်တော့ထူးဆန်းမနေပါဘူး...

ရိပေါ်ရှောင်ကျန့်ရဲ့လက်ကလေးကိုတွဲ​ပြီးပွဲစီကိုသွားလိုက်တော့တယ်....

လူတိုင်းရဲ့အမြင်မှာတော့သိပ်ချစ်ကြတဲ့စုံတွဲလိုလို....drama ကားထဲက ပွဲတက်ရင်မင်းသားကမင်းသမီးကိုဂရုတစိုက်ခေါ်သွားတာလိုလို...အားကျတဲ့အကြည့်တွေနဲ့ကြည့်နေကြပေမဲ့.... တကယ်တမ်းသူတို့ဆက်ဆံရေးကိုသူတို့သာ သိပါတယ်...

ပွဲထဲရောက်တော့ ရိပေါ်ဟာရှောင်ကျန့် ကိုထိုင်ခုံတစ်ခုမှာထိုင်ခိုင်းလိုက်တယ်..

"ဒီမှာစောင့်နေနော်......အလုပ်ကိစ္စသွားပြောမလို့..."

"ဟု...."

ရှောင်ကျန့်လည်း ထိုနေရာလေးမှာငြိမ်ငြိမ်လေးထိုင်နေလိုက်တယ်...

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now